ဆီတိုင်ကီ

On Facebook

myanmar genius

ဒါကတော့ ကျွန်တော်တို့ရဲ့ Myanmar Genius Forum နဲ့ mmgenius blog service ဆိုဒ်ပါ။ ဖိုရမ်မှာကတော့ အမျိုးမျိုးသော အသိပညာများကို ဝေမျှရယူနိုင်ပါတယ်။ blog service မှာကတော့ ဘလော့ဂ်တင်လိုသူ အစ်ကို၊ အစ်မ များအတွက် မြန်မာအချင်းချင်း အကောင်းဆုံး ၀န်ဆောင်မှုပေးနေပါတယ်။ အခမဲ့ကိုယ်ပိုင် ဘလော့ဂ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းစွာ ဘလော့ဂ်တစ်ခုက တည်ဆောက်နိုင်အောင်လည်း အကူအညီတွေ ပေးနေပါတယ်။ ၀င်လေ့လာပါ ခင်ဗျာ။ အကျိုးမယုတ်စေဘူးဆိုတာကို အာမခံပါတယ်။

Photobucket

အသင်းဝင်များ လိုက်နာရန် စည်းကမ်းချက်များ။

PostAuthor: admin » Mon Dec 15, 2008 1:55 am

၁။ Forum ၏ Rules & Regulation များအားလိုက်နာရန်နှင့် အခါအားလျှော်စွာ ထုတ်ပြန်သော Annoucements များအား အစဉ်တစိုက် ဖတ်ရှုရန်။

၂။ Forum အတွင်းတွင် ခေါင်းဆောင်နှင့် နောက်လိုက်ဟူ၍မရှိ။ အသင်းဝင်များ လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ရန် အတွက် အချိန်အများဆုံးပေးကာ တာဝန်ယူထားသော တာဝန်ကျ များသာရှိကြောင်း သိရှိစေရန်။

၃။ Forum ရေရှည် တည်တံ့ခိုင်မြဲရေးအား အလေးထားသောအနေဖြင့် နိုင်ငံရေးနှင့် ငြိစွန်းစေနိုင်သော ဖော်ပြချက်များ မပြုလုပ်ရန်။

၎။ Forum အတွင်း Member များအချင်းချင်းသော်လည်းကောင်း၊ Administrator များနှင့် Moderator အား၎င်း ရင့်သီးသော (သို့) အလားတူ အဓိပ္ပါယ် သက်ရောက်စေနိုင်သော အသုံးနှုန်းများအား ပြုလုပ်ခြင်း မပြုလုပ်ရန်။

၅။ Forum အတွင်းအခြားနေရာများမှ Post အဟောင်းများအား ဖော်ပြခွင့်ရှိသော်လည်း မူရင်း Source နှင့် ရေးသားသူအား ထည့်ပေးရန် (ရေးသားသူမသိပါက မူရင်း Source အား ထည့်သွင်းပေးရပါမည်)။

၆။ Forum အတွင်း Post များအား သင့်လျှော်သော Category များနှင့် Forum များ၏ အောက်တွင်သာ ဖော်ပြပေးရန်။

၇။ Forum အတွင်း ဖော်ပြပြီးသော အကြောင်းအရာများအား သီးခြားနေရာများတွင် ပြန်လည်ဖော်ပြလိုပါက ရေးသားသူနှင့် Forum (သို့) ဖော်ပြသော Post ၏ Source အား ဖော်ပြပေးရန်။

၈။ Forum အတွင်းဖော်ပြသော Post (အသစ်၊ ကူးယူ) များအားလုံးအား ရေးသား၊ တင်ပြသူတွင်သာ အပြည့်အ၀တာဝန် ရှိကြောင်း သိရှိစေရန်။

၉။ +18 Only Category သည် အသိပညာရရှိစေရန်နှင့် Mature Entertainment အတွက်သာ ရည်ရွယ်ခြင်း ဖြစ်သော ကြောင့် Forum အတွင်း ညစ်ညမ်းဓာတ်ပုံ (အသုံးအနှုန်း) များအား လုံးဝ (လုံးဝ) ခွင့်ပြုမည်မဟုတ်ပဲ လိုအပ်ပါက သက် ဆိုင်ရာမူရင်း Soucre များသို့သာ လွှဲပြောင်းပေးရန်။

၁၀။ Forum ၏ စည်းမျဉ်းစည်းကမ်းများအား အခါအားလျှော်စွာ လိုအပ်ချက်များရှိပါက ပြောင်းလဲ ပြင်ဆင်သွားမည်ဖြစ်ပြီး ထိုပြင်ဆင်ချက်များအား Member များအားလုံးမှ သိရှိလိုက်နာရန်နှင့် အထက်ဖော်ပြပါ အချက်များအနက်မှ စည်းကမ်း အမှတ် (၃) နှင့်တိုက်ရိုက်ငြိစွန်းပါက ထို User အား အသင်းဝင် အဖြစ်မှ ချက်ခြင်းရပ်ဆိုင်း မည်ဖြစ်ပြီး ကျန်ရှိပါအချက်များ နှင့် ငြိစွန်းပါက သတိပေးချက် (၃) ကြိမ်ထုတ်ပြန်မည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက အသင်းဝင် အဖြစ်မှ ရပ်ဆိုင်းသွား မည်ဖြစ် သည်။

အသင်းဝင်လိုသူများ myanmargenius ပုံပေါ် ကလစ်ပေးကာ Register လုပ်၊ အသင်းဝင်နိုင်ပါသည် ခင်ဗျာ။