ကျော်ခွနိုင်စေဖို့
February 1st, 2010 | →
ပတ္တမြားမှန်ရင် နွံနစ်ရိုး ထုံးစံမရှိပါဟု ကျွန်တော်၏ ဆရာမောင်သားဖြိုးက ကောမန့်တွင် ပြောလာပါသည်။ မှန်ပါသည်။ ကျွန်တော်တို့ အားလုံး ဇွဲရှိစွာဖြင့် စိတ်ဓါတ်မချပဲ ရှေ့သို့ဆက်လက် ချီတက်ကြပါဦးမည်။ ကျွန်တော်တို့ ချစ်သော ဘလော့ဂ်စာမျက်နှာ များကို ဆက်လက်ရှင်သန်စေပါဦးမည်။ ၀ါသနာ၊ ဗဟုသုတများကို ဆက်လက် ဖြန့်ဝေပါဦးမည်။ ဘယ်လိုလူတွေ ဘယ်လောက်ပင် ဖျက်စီးပါစေ၊ ပိတ်ပင်ပါစေ ဆက်လက် လျှောက်လှမ်းနေပါဦးမည်။ နေပူထဲတွင် အခြားသူများကို လှည့်မကြည့်ပဲ၊ (ခဏခဏ ထကြည့်ရင် အိပ်ရေးပျက်တယ် ဆိုပဲ) ကွန်ယက်ပေါ်တွင် ဆက်လက် ရှင်သန်နေပါဦးမည်။ အားလုံးသိကြသည့် အတိုင်း ကျွန်ုပ်တို့ mmgenius group အဘန်းခံလိုက် ရပါသည်။ လွယ်ကူ လွတ်လပ်စွာ ဘလော့ဂ်ရေးခွင့် ဆုံးရှုံးခဲ့ရပါသည်။ တချိန်က ဘလော့ဂ်စပေါ့တ် ယူဇာများလို ကျွန်တော်တို့လည်း ကျော်ခွရသည့် ဒုက္ခကို ခံစားနေရပါသည်။ မြန်မာပြည်တွင် ဖြစ်ပါသည်။ နေ့အိပ်မက်တို့ကဲ့သို့ နိုင်ငံရပ်ခြားတွင် အသုံးပြုနေသော ဘောဇိ mmgenius ယူဇာများမှ အပ ထိုဒုက္ခများကို ကျွန်တော်တို့ ခံစားနေရပါသည်။ ကျွန်တော် ကိုယ်ချင်းစာသဖြင့် မြန်မာနိုင်ငံတွင် အသုံးပြုနေသော၊ ကျော်ခွရသည့် proxy မသိသေးသော mmgenius ယူဇာများကို အသိပေးချင်ပါသည်။ (သိပြီးသူများလည်း သည်းခံပေးပါ ခင်ဗျာ။) ကျွန်တော်တို့၏ mmgenius ကို ဘန်းထားသည်မှာ ပုဂံနက် မှသာဖြစ်ပါသည်။ ပုဂံနက်တွင် ချိတ်ဆက်ထားသည့် အသုံးပြုနေသည့် မည်သည့်ဆိုင်တွင် (အိမ်တွင်) မဆို mmgenius blog များ ဖွင့်မရနိုင်ပါ။ ထို့အတွက်ကြောင့် ဆိုင်ဘာတွင် အသုံးပြုလေ့ရှိသော သူများသည် mpt တွင် ချိတ်ဆက် ထားသော ဆိုင်ဘာကဖေး များတွင် အသုံးပြုပါက ကျော်ခွရခြင်း မရှိပဲ mmgenius blogs များကို လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ (တိတ်တိတ်လေးတော့ နေပေးပါ)။ ဘန်းစက်ကွင်း မလွတ်သော ဆိုင်ဘာများတွင် အသုံးပြုနေသော ယူဇာများ အနေဖြင့် address bar တွင် https://vtunnel.com ကိုခေါ်ကာ vtunnel address bar တွင် mmgenius blogs လိပ်စာ ကို ရိုက်နှိပ်၍၄င်း၊ mozilla firefox (သို့) Flock browser ၏ proxy box တွင် 212.93.193.88၊ ပို့တ် 443 ကိုပြောင်းလဲ ရိုက်နှိပ်၍၄င်း ကျော်ရခွရ ဒုက္ခကို ခံစားနိုင်ကြစေရန် လက်တို့ အသိပေးလိုက်ပါသည် ခင်ဗျား။ အားလုံး အဆင်ပြေနိုင်ကြပါစေ။
Read it
Related Posts
- 03.05.10: ကြေငြာချက် (8)
- 03.10.09: ဂျီတော့ခ် သုံးရင်း ရေနစ်ခဲ့သူတစ်ဦး အကြောင်း (4)
- 04.04.10: ကျွန်ုပ်နှင့် ယခုအခါ (6)
- 02.06.10: G-talk Tips (0)
- 23.09.09: MMgenius Vote အစီအစဉ်။ (0)


ဒါပဲပေါ့ အစ်ကို အဲဒီ လိုပဲ လုပ်စရာရှိတာတော့ ဆက်လုပ်ရမှာပဲ အားပေးတယ်ဗျာ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေကို နျုကလီးယားဗုံးနဲ့တောင် ဖျက်လို့ မရဘူး စိတ်ရှိဖို့ပဲ အဓိကဗျ
ကျနော်တို့ကတော့ အဲလိုဒုက္ခတွေ တွေ့မှာစိုးလို့ရွာကိုမပြန်တာ.ဟီး
ဟုတ်ပါ့ အကိုရေ
စိတ်ညစ်ပါ့
အဆင်ပြေမှာပါ ကျော်တဲ့ Software တွေကိုသုံးကြည့်ပါလား ကို ZOX eg Your-freedom တို့လိုဟာမျိုးပေါ.
ပြန်ရပြီလို့ ကြားမိသလားလို့…။ ဟုတ်လားမသိဘူး