ဆီတိုင်ကီ

On Facebook

 

« | Home | »



ဘာကြောင့် အဘန်းခံရတာလဲ

January 30th, 2010 | →

Photobucket

ကျွန်တော် သိတာကတော့ အဲဒီနေ့က နေမပူပါဘူးခင်ဗျ။ ဘယ်လိုလူတွေ ဘာကြောင့် ရူးသွားလဲဆိုတာ ကိုလည်း ကျွန်တော် မပြောတတ်တော့ပါဘူး။ ကျွန်တော်တို့ mmgenius group က ဘလော့ဂ်တွေဟာ အားလုံး သန့်သန့်လေးတွေ ပါပဲ။ ဘာနိုင်ငံရေး ဘလော့ဂ်မှ မပါသလို၊ ဘာညစ်ညမ်းဘလော့ဂ် မှလည်း မပါပါဘူး။ ရင်ထဲက ခံစားချက်လေးတွေ၊ ဘ၀အတွေ့အကြုံတွေ၊ ၀ါသနာပါရာ အနုပညာတွေနဲ့ အသိပညာ ပြန့်ပွားရေးတွေ အတွက် သီးသန့် ဖြန့်ဝေနေတဲ့ ဘလော့ဂ်တွေပဲ ရှိပါတယ်။ mmgenius တီထောင်သူ အပါအ၀င်၊ အဖွဲ့သားအားလုံးလည်း ကိုယ့်ဘလော့ဂ် အပေါ်မှာ တကယ်ချစ်စိတ်နဲ့ ရေးနေတဲ့ သူတွေချည်း ပါပဲ။ ဘယ်သူ့ကိုမှ စောင်းမြောင်း စော်ကားချင်းလဲ မရှိခဲ့ဖူးပါဘူး။ ကျွန်တော် စဉ်းစားမရတာက ကျွန်တော်တို့ mmgenius ဘာကြောင့် အဘန်းခံရတာလဲ။ Free Blog တွေ ဖန်တီးခွင့်ရလို့လား။ Free Access တွေ ပေးခဲ့မိလို့လား။ မြန်မာလူငယ်တွေ Chatting ထဲမှာပဲ ပျော်မွေ့စေဖို့လား။ ကျွန်တော်သိတာကတော့ အဲဒီနေ့က နေမပူပါဘူးခင်ဗျ။

Read it

Related Posts

 

Comments

This entry was posted on Saturday, January 30th, 2010 at 12:56 pm and is filed under Read it. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
8 Comments so far

  1. နေ့အိပ်မက် on January 30, 2010 4:16 pm

    ကြည့်ရတာ မိုးရွာလို့ အဘန်းခံလိုက်ရတာ ဖြစ်ပါလိမ့်မယ် :{

    နေ့အိပ်မက်လည်း စိတ်မကောင်းဘူး တကယ်… ဘာပြောရမှန်းတောင်မသိဘူး :(

  2. ဖိုးဂျယ် on January 30, 2010 7:06 pm

    ဟုတ်ပါ့ ဘယ်လို နားလည်ရမလဲ မသိပါဘူး အကိုရေ
    ဒါပေမဲ့ အက်ဒမင်က Hosting ပြန်ပြောင်းပေးမယ် ပြောနေတယ်။
    ဒါဆို အဆင်ပြေမှာပါ။

    ခင်မင်လျှက်

    ညီငယ် ဖိုးဂျယ်

  3. သားဖြိုး on February 1, 2010 3:46 am

    ဘာလို့ ဒီလို လုပ်သွားတယ်ဆိုတာတော့ မပြောတတ်တော့ပါဘူး။ ပတ္တမြားမှန်ရင် ဘယ်တော့မှ နွံနစ်ရိုး ထုံးစံ မရှိပါဘူး။ ရှေ့ဆက်ဖို့ပဲ ရှိတယ်… ဘယ်တော့မှ နောက်မဆုတ်ဘူး။ :P

  4. Mg Ogga on February 1, 2010 3:13 pm

    မှန်ပါ့ဗျာ ရေးစရာ ရှိတာဆက် ရေးမယ် မျှဝေစရာရှိတာ ဆက်မျှဝေမယ် ဘယ်သူဖျက် ဖျက် ကိုယ်ဖျက်မှ ပျက်တာပါ ကျွန်တော်လည်း ဒီအကြောင်းကို ဆက်ရေးမယ်ဗျာ

  5. Bravo on February 1, 2010 3:16 pm

    ဘာကြောင့်ဘန်းလဲတော့ မသိပါဘူးဗျာ
    နည်းနည်းတော့ လွန်သလားလို့ဗျာ
    mmgenius အက်တမင်တွေက hosting ၀ယ် ပြီး Sub-Domain ပေးတယ်
    ပြီးတော့ ဘလော့ဂင်းပေးကြတယ်
    ဒါဘယ်လောက်ကောင်းတဲ့ စေတနာလဲဗျာ..
    ဘယ်လောက်ကျေနပ်ဖို့ကောင်းလဲ……..
    ဒါကို ဘန်းတယ်…
    တစ်မျိုးပဲ….

  6. အိမ် on February 3, 2010 4:29 pm

    သောက်မြင်ကပ်ပုဒ်မနဲ့ လုပ်တာနေမှာ။ ဒါပိတ်တော့လဲ နောက်တခုပေါ့ဗျာ.. ဟုတ်ဘူးလား..။

  7. flowerpoem on February 5, 2010 1:06 pm

    မြန်မာမှာ ဘန်းတာက တော့ရိုးနေပြီ :P

  8. Black Dream on February 22, 2010 1:33 am

    အစ်ကိုတော့ ဘာမှမပြောလိုတော့ဘူးညီလေးရေ..။ အားလုံးအတွက် တကယ်စိတ်မကောင်းဖြစ်မိတာ တော့အမှန်ပါ..။ အစ်ကို ပို့စ်တစ်ခုတင်ပြီး ရေးပါဦးမယ်..။ အဲ့ဒီအခါကျမှပဲ အစ်ကို့ရင်ထဲရှိတာတွေ အားရပါးရ ပြောတော့မယ် ညီလေးရေ…။

Name (required)

Email (required)

Website

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Share your wisdom

« | Home | »