အနုတ် ၁ ၊ အပေါင်း ၁ +++
January 17th, 2010 | →
ကောင်မလေးရေ…
နှစ်သစ်မှာ နင့်အနားကို ငါအရောက်ပြန်လာနိုင်ခဲ့ပြီ။
ငါ့အလွမ်းတွေလည်း တချို့တ၀က်လောက်
ပြေစပြုနေပြီ။
နင့်လက်ကလေး ကိုလည်း
ပြန်ဆုပ်ကိုင်ထားလိုက်နိုင်ပြီ။
ငါ့ရင်ခွင်ကိုလည်း နင်အိပ်ဖို့အတွက် ပြန်ဖွင့်ထားနိုင်ပြီ။
ဒါပေမယ့် …
ငါဝမ်းနည်းမိတာက ငါတို့ရဲ့ ခိုင်မာတဲ့ အမိုးကြီးတစ်ခု
ဘယ်လိုမှ ပြန်တပ်မရနိုင်တဲ့ အမိုးကြီးတစ်ခု၊
ငါ့ကို မစောင့်ပဲ ပြိုလဲသွားလိုက်ပြီ။
ကောင်မလေးရေ…
ဘယ်လိုလုပ်မလဲ။
အမြဲရှိနေနိုင်တာ ဘာရှိလဲ။
တစ်နေ့မှာ ငါတို့လည်း အမိုးတွေ ဖြစ်ရဦးမှာ။
ငါတို့လည်း ပြိုလဲရဦးမှာ။
ငါတို့ ဘာတွေပြင်ဆင်ပြီးပြီလဲ။
ငါတို့ အနာဂတ်အတွက်၊ ငါတို့အရှင်ဆီမှာ
မျက်နှာပန်းလှဖို့ အတွက်………..။
အမိုးတစ်ခု မရှိတော့တဲ့ ငါတို့ဘ၀မှာ
နောင်ရောက်လာမယ့် ငါတို့ရင်သွေးလေးက
ငါတို့ဘ၀အတွက် အကာလေးတစ်ခုတော့
ဖြစ်စေချင်တယ်။
တချိန်မှာ ငါတို့အတွက် အားကိုးရာ မဟုတ်တောင်
အားတက်စရာ အကာလေးတော့ ဖြစ်စေချင်တယ်…..။
Read it
Related Posts
- 23.09.09: MMgenius Vote အစီအစဉ်။ (0)
- 22.10.09: အန်းတားသည် ဘလော့ဂ်ဂင်း (7)
- 12.03.10: ဂျီတော့ခ် မနျူရယ်လ် (6)
- 19.10.09: ဂျီတော့ခ်ချည်း သုံးနေမယ့်အစားလာ့ဂ်တင်ပါလား။ (10)
- 15.03.10: Return of MMgenius by Blackdream (1)



ဟုတ်တယ် အကိုရေ တနေ့မှာ အမိုးတွေ ဖြစ်ရဦးမယ်။
ကို ZOX ရေ အမိုးဖြစ်လာမည့် အချိန်တွေကို စောင့်ရင်း အကာလေးကို နွေးထွေးစွာ စောင့်ရှောက်နိုင်ပါစေ