ဆီတိုင်ကီ

On Facebook

 

« | Home | »



ဝမ်းနည်းမှတ်တမ်း

January 12th, 2010 | →

Photobucket

ကျွန်တော် အမိမြန်မာ နိုင်ငံကို ပြန်ရောက်တဲ့ နေ့မှာပဲ သတင်းဆိုး တစ်ခုကို ကြားခဲ့ရ ပါတယ်။ လေဆိပ်မှာ ရှိနေတုန်း အဲယားလိုင်း ကတာဝန်ရှိသူ တစ်ဦးက ကျွန်တော့်ကို အပြေးအလွှား လာအကြောင်းကြား တာပါ။ ကျွန်တော့် အပေါ် အဖေလို၊ ကျွန်တော့်ဘက် ကလည်း ဖခင်တစ်ယောက်လို ချစ်ခင် ဆက်ဆံ ခဲ့တဲ့ ကျွန်တော့်ရဲ့ ယောက္ခထီး ကွယ်လွန်ဆုံးပါး သွားခဲ့ပါတယ်။ လက်ဆွဲအိတ် တွေကို လေဆိပ်မှာ ကျွန်တော်ထုတ်ဖို့ စောင်းဆိုင်းနေချိန်မှာ သူ့ကိုလည်း အသုဘချဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်လည်း အကြောင်းကြား ချက်ကို ကြားသိရ ရချင်း လက်ဆွဲအိတ် တွေကို မယူပဲ အပြင်ကို ချက်ချင်းထွက်လာ ခဲ့လိုက်ပါတယ်။ အပြင်မှာ ကျွန်တော့် အဖေနဲ့ အမေရယ်၊ နောက်တခြား မိတ်ဆွေ ၂ ယောက်လောက် က ကျွန်တော့်ကို ကြိုနေပါတယ်။ မထင်မှတ်ပဲ ရုတ်တရက် ကြီးဖြစ်သွားလို့ ကျွန်တော် မယုံမကြည်နဲ့ မေးကြည့်ဖြစ် ပါသေးတယ်။ ကျွန်တော် ပြန်အလာကို စောင့်ရင်း ကျွန်တော် ပြန်ရောက်တဲ့ နေ့မှာပဲ သူထွက်ခွာသွားခဲ့ပါတယ်။ သူ့မှာ ဆီးချိုအပြင်၊ ဆီးချိုဆေးတွေ သောက်ရင်း ရလာတဲ့ ကျောက်ကပ်ရောဂါ ရှိပါတယ်။ ကျောက်ကပ်ကို လည်း ၅ ခါ အရင်က ဆေးခဲ့ဖူးပါတယ်။ ကျောက်ကပ်ဆေးပြီး နောက်ပိုင်း လူကောင်းတစ်ယောက် နီးပါး ပြန်ကောင်းသွားခဲ့ပါတယ်။ အခု တစ်ခေါက်ကလည်း ကျောက်ကပ်ပဲ ပြန်ဖောက်လာတာပါ။ ရန်ကုန်ဆေးရုံကြီး ကိုတင်ပြီး ကျောက်ကပ် ထပ်ဆေးပါတယ်။ ၁ ခေါက်ဆေးပြီး တော်တော်သက်သာ သွားပါတယ်။ လူကောင်းတစ်ယောက် နီးပါး ပြန်ဖြစ်သွားပါတယ်။ သူဆုံးမယ့် နေ့ကလည်း ကျောက်ကပ်ဆေး နေရင်း အသက်ရှုရပ်သွားတာပါ။ သူကျောက်ကပ် မဆေးခင် အချိန်မှာ သွေးပေါင်တွေ တော်တော်ကျ နေပါတယ်။ သွေးသွင်းဖို့ သွေးထုပ်တွေ အဆင်သင့် လုပ်ထားပေမယ့် သွေးမသွင်းခင် ကျောက်ကပ်ကို ဆေးကြပါတယ်။ ခဏအတွင်းမှာပဲ သူဆုံးသွားခဲ့ပါတယ်။ ဆေးရုံကြီးမှာ သေဆုံးသူတွေကို ဆေးရုံကြီးက လွယ်လွယ်ကူကူ ထုတ်ဖို့ခဲယဉ်းတာ အားလုံးသိပါတယ်။ သူ့ကိုတော့ ချက်ချင်း လွယ်လွယ်ကူကူ ထုတ်ခွင့်ပေးခဲ့ပါတယ်။

ကျွန်တော့် ခေါင်းထဲမှာ မေးခွန်းလေး တွေနည်းနည်း ရှိလာပါတယ်။ ဆရာ ဒေါက်တာဝင်းသိန်းကို မေးမြန်းကြည့်ဖို့ စိတ်ကူးတွေလည်း ရှိနေပါတယ်။

Read it

Related Posts

 

Comments

This entry was posted on Tuesday, January 12th, 2010 at 1:34 pm and is filed under Read it. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
7 Comments so far

  1. အိမ် on January 13, 2010 5:11 am

    အင်း…. အချိန်တန်လို့ခွဲခွာသွားရပေမဲ့ ရုတ်တရက်ဆိုတော့ ခံစားရမယ်ဆိုတာ နားလည်ပါတယ်ဗျာ။ ပြီးတော့ ဒီလိုအဖြစ်မျိုးတွေက ရွာမှာဖြစ်ရိုးဖြစ်စဉ်လိုတောင် ဖြစ်နေပြီ ထင်ပါတယ်။ ကျနော်တို့ မြန်မာတွေလူမျိုးဗုဒ္ဓဘာသာတွေရဲ့ ထုံးစံအတိုင်း… သူ့ကံကုန်လို့ ၊ ဖြစ်ချိန်တန်လို့၊ သေနှစ်စေ့လို့၊ လို့သာဖြေတွေးလိုက်ပါတော့သာ….. ။
    ဆက်မရေးတော့ဘူးဗျာ တော်ကြာ… ညောင်မြစ်တူးတာ ပုတ်သင်ဥပေါ်လာမှာစိုးလို့ပါ။

  2. flowerpoem on January 13, 2010 2:05 pm

    စိတ်မကောင်းပါဘူး ကို ZOX

  3. နေ့အိပ်မက် on January 14, 2010 5:36 pm

    စိတ်မကောင်းစရာ :( ဘာပြောရမှန်းတောင်မသိတော့ဘူး

  4. ဖိုးဂျယ် on January 14, 2010 7:49 pm

    ဒါကြောင့် အလုပ်ရှုပ်နေတာလား အကိုရေ
    စိတ်မကောင်းစရာပဲနော် ကျွန်တော့် အမေ ပြောသလို ရောဂါ တခုခုဖြစ်ရင် ဆေးရုံမပို့နဲ့
    အိမ်မှာပဲ သက်သက်သာသာ အသေခံရမယ်လို့ ပြောတယ်ဗျာ
    ကြားရတဲ့ သတင်းတွေက စိတ်မကောင်းစရာတွေပဲ ဖြစ်နေတယ်

  5. မင်းဒင် on January 17, 2010 12:55 pm

    ကျွန်တော် အမိမြန်မာ နိုင်ငံကို ပြန်ရောက်တဲ့ နေ့မှာပဲ သတင်းဆိုး တစ်ခုကို ကြားခဲ့ရ ပါတယ်။
    ……………….
    ဒီလောက်နေ့စဉ်နဲ့ အမျှ သတင်းဆိုးတွေ ထွက်နေတဲ့ တိုင်းပြည်မှာ လေဆိပ်ရောက်မှ ကြားတယ်ဆိုတာ လွန်လွန်းတယ်ထင်တယ် ။ ဒီထက်ပိုပြီးနားစွင့်နော် ။

    ခင်လျက်

    မင်းဒင်

  6. Black Dream on February 22, 2010 1:35 am

    ရင်ဘတ်ကို စောင့်အကန်ခံရတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့ ကိုယ့်ညီရေ..။ :(

  7. kom on March 12, 2010 9:23 pm

    ကျောက်ကပ်ပျက်ရင်မကြာခဏကျောက်ကပ်ဆေးရတယ။်တစ်ခါဆေးလိုက်ရုံနဲ့ကောင်းသွားတာမဟုတ်ဘူး ဆေးပြီးမကြာခင် ပြန်ဆေးရတာဘဲ။ ကောင်းသွားတယ်ဆိုတာ ခဏဘဲ။ပြီးရင်ပြန်ဖြစ်တာဘဲ။

    ကျောက်ကပ် လူနာတွေက သွေးအားနည်းရောဂါရှိကြတယ်။ သွေးသွင်းချင်တိုင်းသွင်းလို့မရဘူး။ သွင်းရင် အမောဖောက်တတ်တယ်။ အဲဒီတော့ကျေက်ကပ်ဆေးတဲ့အချိန်ကျမှ ကျောက်ကပ်ဆေးရင်းနဲ့သွေးသွင်းရတတ်တယ်။ သွေးသွင်းပြီးမှ ကျောက်ကပ်ဆေးလို့မရဘူး။

    ပြီးတော့ကာ ကျောက်ကပ်ဆေးရင်လဲသွေးပေါင်ချိန်က ကျတတ်သေးတယ်။ ကိုယ့်လူနာက သွေးပေါင်ချိန်လဲကျနေတယ။် ကျောက်ကပ်ဆေးရမဲကအချိန်ကလည်းရောက်နေပြီဘယ်နဲ့လုပ်မလဲ ဆေးရင် သွေးပေါင်ချိန်ကျမယ်။ မဆေးရင်လဲဒုတ်ခရောက်မယ။်

    သွေးအားကလည်းနဲနေတယ်။ ဘယ်နဲ့လုပ်မလဲ သွေးအရင်သွင်းလို့မရဘူး. အမောဖောက်လိမ့်မယ။် ကျောက်ကပ်ဆေးရင်းနဲ့မှ သွေးသွင်းလို့ရမယ။် ကျေက်ကပ်ဆေးရင်လဲသွေးပေါင်ချိန်ကျပြီးဒုတ်ခ ရောက်ဦးမယ်။ ခြုံပြောရရင်…ကိုယ့်လူနာကို က critical condition ဖြစ်နေပြီ.။ စိတ်ဖြေပါ။

Name (required)

Email (required)

Website

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Share your wisdom

« | Home | »