နှစ်မကူးခင် ရေးတဲ့စာ
December 31st, 2009 | →
ကောင်မလေးရေ…
နင်နဲ့ ငါနဲ့ခွဲနေရတာ
သတင်းပတ်တွေလည်း တော်တော်တောင်
လွန်ခဲ့ပြီနော်။
နင်နဲ့ ဝေးနေရတဲ့ နေ့တိုင်း နင့်အပေါ် ငါအမြဲ
သတိရနေပါတယ်။
သတိရတဲ့ အချိန်တိုင်းလည်း နင်နဲ့ ငါ့ဘ၀အတွက်
အမြဲတမ်း တောင်းဆုပြုပါတယ်။
ငါတို့ဘ၀တွေ ခိုင်မာလာဖို့နဲ့
ရင်ဆိုင်နေရတဲ့ သောကတွေကနေ ကင်းဝေးဖို့
ငါတို့ အရှင်ဆီကနေ ငါအမြဲတမ်း တောင်းခံနေပါတယ်။
ကောင်မလေးရေ…
ဒီနေ့က နှစ်ဟောင်းကုန်မယ့် နှစ်သစ်မကူးတကူး ညနော်။
အားလုံးက ပျော်နေကြပေမယ့် (အားလုံးလည်း ပျော်ရွှင်ကြပါစေ။)
နင်နဲ့ ဝေးနေရတဲ့ ငါ၊
အဝေးကနေ နင့်ကို သတိရနေပါတယ်။
နင့်အပေါ် လွမ်းဆွတ်နေပါတယ်။
လာမယ့် နှစ်မှာ ငါတို့ နှစ်ယောက် ပြန်ဆုံကြရအောင် ကောင်မလေးရယ်။
Poem of my life
Related Posts
- 07.11.09: ကျွန်တော်နှင့် အိမ်ထောင်ရေး (13)
- 01.05.10: (3) နှစ်ကျောက်တိုင် (4)
- 22.02.10: ဆုတောင်း (4)
- 19.12.09: Happy Birthday (5)
- 24.02.10: ယူစေတော့ (5)



ပြန်ဆုံပါစေ ပြန်ဆုံပါစေ.. တကယ့်ကို ကိုယ်ချင်းစာပြီးဆုတောင်းပေးတာပါ မြန်မြန်ပြန်ဆုံပါစေ
မြန်မြန် ပြန်ဆုံပါစေလို့ ဆုတောင်းပေးပါတယ် အကိုရေ
ကြည့်ရတာ သိပ် မလွမ်းဘူး ထင်ပါ့း)
ကျွန်တော်လည်းဆုတောင်းပေးတယ်ဗျာ မြန်မြန်ပြန်ဆုံးကြပါစေး)
ကိုယ်ချင်းစာတယ်း)
ဆုံစေသတည်း………
ဆုံစေသတည်း…