ဆီတိုင်ကီ

On Facebook

 

« | Home | »



အိမ်လွမ်းသူ

December 15th, 2009 | →

Photobucket

အိမ်လွမ်းသူ ကိုရေးနေဆဲ ကာလမှာပဲ ကျွန်တော်၊ သူငယ်ချင်းတွေကိုလည်း ဒီပို့စ်လေးကို ရေးဖို့ လိုက်တဂ်လိုက်ပါတယ်။ သူငယ်ချင်း အားလုံးကလည်း မညီးမညူလက်ခံ ပေးကြပါတယ်။ ဒီပို့စ်လေးကို ကျွန်တော် ရေးဖို့ဆန္ဒရှိနေတဲ့ အချိန်မှာ သူငယ်ချင်းတွေကို ရေးစေချင်တဲ့ ဆန္ဒကလည်း ဘာဖြစ်လို့ တပြိုင်တည်း ပေါ်လာရတာလည်း ဆိုတော့ လူတိုင်းလိုလို အိမ် နဲ့ ခွဲခွာခဲ့ရဖူးတယ်လို့ ကျွန်တော် စိတ်ထဲက ထင်နေမိလို့ပါပဲ။ အဲဒီလို အိမ်နဲ့ ခွဲခွာခဲ့ရတဲ့ အချိန်မှာ ဖြစ်ရှိလာတဲ့ အိမ်လွမ်းစိတ် ကလေးဟာလည်း တစ်ယောက်နဲ့ တစ်ယောက် မတူ ဘယ်လိုခြားနား နေမလဲဆိုတာကို သိရှိခံစားနိုင်စေဖို့ ကျွန်တော် တဂ်ရခြင်း ဖြစ်ပါတယ်။ ဟုတ်ကဲ့.. ကျွန်တော် အခု ပြောပါတော့မယ်။ ကျွန်တော့်ဘ၀မှာ ကလေးဘ၀ကနေ၊ လူပျိုဘ၀အထိ အိမ်နဲ့မခွဲခဲ့ရဖူးပါဘူး။ ပထမဆုံး ကျွန်တော် အိမ်နဲ့ခွဲခွာရတဲ့ အချိန်ဟာ ကျွန်တော်ရဲ့ လူပျိုမသိုးတသိုး အချိန်ပါ။ ကျွန်တော့် ပညာရေး ကိစ္စနဲ့ Middle East ကို ထွက်ခွာလာခဲ့ရတာပါ။ ကလေးဆန်တယ် လို့ပဲ ပြောပြော၊ ရေခြားမြေခြားကို ရောက်ရောက်ချင်း နေ့မှာပဲ၊ ကျွန်တော့် မျက်လုံးက မျက်ရည်တွေ ထွက်လာခဲ့ရပါတယ်။ အဲ.. အရှေ့မှာ လူပျိုမသိုး၊ တသိုး အချိန်လို့ ဘာလို့ပြောရတာလဲ ဆိုတော့ အဲဒီအချိန်လေးမှာ ကျွန်တော့် ချစ်သူလေးနဲ့ ပျော်လို့ကောင်းနေတဲ့ အချိန်မို့လို့ပါ။ (နောင်အခါ ကျွန်တော့်ဇနီးလေး ဖြစ်လာမယ့် သူပေါ့) အဲလို အချိန်မျိုးမှာ ကျွန်တော် ချစ်သူလေးကိုရော၊ အိမ်ကိုရော ခွဲခွာခဲ့ရတာပါ။ ကျွန်တော်က ဆွေမျိုး သိပ်ခင်တတ်တဲ့သူ မဟုတ်တော့ home sickness နဲ့ ပတ်သက်ရင် အဓိက အားဖြင့် မိဘတွေကိုပဲ လွမ်းတဲ့စိတ်ရှိတာပါ။ နောက်ကိုယ့် နိုင်ငံပေါ့။ အထူးပြုတာကတော့ ချစ်သူကိုပေါ့။ အဲလို ပြောရင် တချို့တချို့က ပြောကြမယ်ထင်တယ်။ ဒီလူ မိဘကိုတော့ အထူးမပြုပဲ ချစ်သူကို အထူးပြုတယ် ဆိုပြီးတော့လေ။ မိဘတွေဆိုတာ သားသမီးတွေ အများကြီး မွေးထားတယ်ဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် သားသမီးတိုင်း ကတော့ မိဘအပေါ် အနည်းနဲ့ အများတော့ ချစ်ကြတာပဲ။ မိဘကလည်း သားသမီး အယောက်တိုင်းကို ပုံစံတစ်မျိုးစီနဲ့ ချစ်ကြတာပဲ။ အဲ.. ဒီလိုဆိုတော့ သားသမီးတွေထဲက တစ်ယောက်လောက် အဝေးရောက်ချိန်မှာ အဲဒီ သားသမီးအပေါ် လွမ်းတဲ့စိတ် ဖြစ်လာပေမယ့် ဖြေသိမ့်စရာ တခြားသားသမီး တွေရှိတယ်ဗျာ။ သူတို့အပေါ် အနီးအကပ်နေပေးမယ့်၊ သူတို့ကို အချစ်တွေပေးမယ့် သားသမီးတွေ အနားမှာ ရှိနေသေးတယ်ဗျာ။ ကဲ.. ချစ်သူဆိုတာက။ သစ္စာပြည့်ဝတဲ့ ချစ်သူတွေမှာ ကိုယ့်ရဲ့ချစ်သူ အဝေးရောက်သွားရင်၊ ဒါမှမဟုတ် ကိုယ် ချစ်သူဆီကနေ အဝေးကို သွားလိုက်ရရင် ဖြေသိမ့်စရာ ဘယ်လို ချစ်သူရှိမလဲ။ အလွမ်းတွေကို ဖက်တွယ်ထားရမှာလေ။ ဒါ.. သစ္စာရှိတဲ့ ချစ်သူတွေကို ပြောတာနော်။ အဲဒါကြောင့် ချစ်သူကို အထူးပြုထားတာပါ။ အင်း… ဒါနဲ့ အဝေးကနေ လွမ်းတိုင်း အလွမ်းပြေစရာ ဆိုလို့ ဖုန်းတွေပဲ ကောက်ကောက် ဆက်ရတာပေါ့။ အဲဒီတုန်းက အခုလို အင်တာနက်တွေ ဘာတွေမှာ သိပ်ခေတ်မစားသေးတာကိုး။ နိုင်ငံခြားက ကျွန်တော့် အပေါင်းအသင်းတွေကတောင် ကျွန်တော့်ကို only for call ဆိုပြီး နာမည်ပေးကြတဲ့ အထိပေါ့။ အဲဒီအချိန်တုန်းကလည်း ကျွန်တော့်ချစ်သူလေးနဲ့က လူမသိ၊ သူမသိ ချစ်နေရတာဆိုတော့ သူ့အိမ်ကို ဖုန်းဆက်တဲ့နေရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာပေါ့။ ဒါပေမယ့် လွမ်းတော့လည်း အမျိုးမျိုး ကြိုးစားပြီး ၂ မိနစ်၊ ၃ မိနစ် လောက် စကားပြောဖို့ အတော်လေး ဒုက္ခခံခဲ့ရပါတယ်။ ပညာသင်နှစ်ပြီးလို့ ပြည်တော်ပြန်ခါနီး အချိန်မှာတော့ ကျွန်တော့်လောက် ပျော်မယ့်သူ နောက်ထပ်မရှိတော့ဘူးပေါ့။ အထူးပြုလေး အနားကို ပြန်ရောက်တော့မယ်ဆိုတော့ ဘယ်လောက် ပျော်လိုက်မလဲ။ ကျွန်တော့်ရဲ့ ပထမဆုံး အိမ်လွမ်းသူ ဘ၀လေးဟာ အဲဒီမှာ အဆုံးသတ်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်နောင် ကာလတွေမှာလည်း ကျွန်တော်တို့ ချစ်သူနှစ်ဦးအကြား ဘယ်တော့မှ မခွဲဘူးလို့ အထပ်ထပ် ကတိတွေ ပေးခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီကတိတွေကို အထပ်ထပ်အခါခါပဲ ဖျက်ခဲ့ရပါတယ်။ အလုပ်ကိစ္စအမျိုးမျိုးကြောင့် ပြည်ပသွားရတိုင်း ကတိတွေပျက်ခဲ့ရသလို ကျွန်တော့်ရဲ့ home sickness ဟာလည်း မလျော့သော အင်အားနဲ့ ကျွန်တော့်အပေါ်မှာ နှိပ်စက်မြဲ၊ နှိပ်စက်နေခဲ့ပါတယ်။ နောင်တချိန်မှာ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူလေး လက်ထပ် ခဲ့ပါတယ်။ ဒန့်.. တန့်..တန့်။ အဲ… အဲဒီအချိန်မှာလည်း ကျွန်တော်တို့ နှစ်ယောက် ကတိတွေ ကို အရင်အတိုင်း ပြုခဲ့ကြပြန်ပါတယ်။ အတတ်နိုင်ဆုံးလည်း တစ်ယောက်နဲ့ တစ်ယောက် အနီးကပ်နေခဲ့ကြပါတယ်။ လက်ဖ၀ါးနှစ်ခု အမြဲတွဲထားခဲ့ပါတယ်။ အတူတူနေထိုင်၊ အတူတူသွားလာပြီး အတူတူ စားသုံးကြပါတယ်။ အင်း… ဒါပေမယ့် ကျွန်တော်တို့ ထပ်ခွဲကြရပြန်ပါတယ်။ ဘယ်လိုလုပ်မလဲ။ အဲဒီ အိမ်လွမ်းသူ ဆိုတဲ့ ဂုဏ်ပုဒ်ကြီးက ကျွန်တော့်နောက်ကို အမြဲတမ်း လိုက်နေသလိုပဲ။ အခုထက်အထိပေါ့။ ဘ၀ကို ပြည့်စုံဖို့ ကြိုးစားနေကြတဲ့သူတွေမှာ အဲဒီ ဂုဏ်ပုဒ်တစ်ခုကတော့ အချိန်တစ်ချိန်အထိကို ရှိနေဦးမှာပါ။ အိမ်နဲ့ ခွဲခွာနေရဦးမှာပါ။ တအားချစ်တဲ့သူတွေကိုလည်း ထားခဲ့ရဦးမှာပါ။ အိမ်လွမ်းသူလို့ ခေါင်းစဉ်တက်ပြီးတော့ ကျွန်တော်လိုပဲ ချစ်သူတွေကို လွမ်းနေကြဦးမှာပါ။

(ကောင်မလေးရေ… အမြဲတမ်းလိုပဲ နင့်ကိုလွမ်းလို့ ဒီပို့စ်လေးကို ငါတင်လိုက်တယ်။ ငါတို့ အပါအ၀င် ဘ၀အတွက် ကြိုးစားနေရတဲ့သူတွေ အားလုံး အလွမ်းတွေကို အဆုံးသတ်နိုင်ကြပါစေ။)

tag-post

Related Posts

 

Comments

This entry was posted on Tuesday, December 15th, 2009 at 5:56 pm and is filed under tag-post. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
7 Comments so far

  1. ရှမ်းလေးသွေး on December 15, 2009 6:20 pm

    လူတိုင်း အိမ်ကို လွမ်းဖူးပါတယ်……ရေးသားထားတာ အရမ်း မိုက်တယ် ဗျာ..ကျနော်တောင် အိမ်ပြန်ချင်စိတ် တခါတည်း ပေါက်သွားတယ်…..ကျနော်ကတော့ အထူးသဖြင့် လွမ်းတဲံ အချိန်က ဖျားနေတဲံ အချိန်ပါပဲ..အိမ်ကို အဲဒီအချိန်မှာ အလွမ်းဆုံးပါပဲ..နောက်ပြီး အခုလို့ အိမ်လွမ်းသူကို ကျနော် ဆိကို တဂ်တာ့ ကျနော် အရမ်းပျော်တယ် ရေးခြင်းနေတာ ကြာနေပြီး အခုမှပဲ ဆန္ဒပြည့်သွားတော့တယ်……
    ခင်တဲ့

  2. မောင်ဘကြိုင် on December 15, 2009 7:52 pm

    အလွမ်းတွေထပ်တူမျှချင်နေပြီဗျို့း) ကျွန်တော်တို့ပေါင်းပြီး အလွမ်းဘဏ်သီချင်းလို ဘဏ်ဖွင့်ရင်ကောင်း
    မယ်ဗျး)

  3. နေ့အိပ်မက် on December 15, 2009 8:01 pm

    အီး… အိမ်လွမ်းသူမဟုတ်ဘဲ ကျန်ရစ်သူလို့ ပြောင်းရေးရမလိုဖြစ်နေပြီ :P မနက်ဖြန်တင်မယ်နော်

  4. ဖိုးဂျယ် on December 16, 2009 9:50 pm

    အိမ်တော့ လွမ်းဖူးပါတယ်။ ဒါပေမဲ့ ချစ်သူတော့ မလွမ်းဖူးဘူး။ မရှိလို့း)အားကျပါတယ်ဗျာ

  5. ဝေလင်း on December 20, 2009 1:41 pm

    ကျွန်တော်ကတော့ အကုန်လွမ်းသွားတယ်ဗျာ..တကယ် မြန်မာတစ်နိုင်ငံလုံးကိုလွမ်းတာ

  6. အိမ် on December 20, 2009 4:01 pm

    ကျနော်တို့လို အဝေးရောက်သူများ အတွက် အိမ်ဆိုတာ လွမ်းမောစရာ အရာတခုပါပဲဗျာ..။

  7. မေကျော် on December 22, 2009 11:08 am

    ဟိုက် ၊ ကိုဇော့တို့ကတော့နော်….. :)

Name (required)

Email (required)

Website

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Share your wisdom

« | Home | »