for post

ကောင်မလေးရေ…

ငါ့ရင်ဘတ်ထဲမှာ မှန် တစ်ချပ်ရှိတယ်။
အဲဒီမှန်ထဲမှာ နင့်ရဲ့ ပုံရိပ်ပဲ အမြဲတမ်းပေါ်နေတယ်။

တကယ်လို့ နင်သာ…
ငါ့ကိုပစ်သွားလို့ ငါ့ရင်ကွဲသွားမယ်ဆိုရင်

ငါ့ရင်ဘတ်ထဲက အဲဒီမှန်တစ်ချပ်လည်း
ကွဲသွားလိမ့်မယ်။

ဒါပေမယ့်…
အဲဒီမှန်ပေါ်မှာ ထင်နေတဲ့
နင့်ပုံရိပ်ကတော့ ပျက်သွားမှာ မဟုတ်ဘူး။

မှန်ကွဲစတိုင်း၊ မှန်ကွဲစတိုင်းမှာ
နင့်ပုံရိပ် တစ်ပုံစီ၊ တစ်ပုံစီ
တိုးလို့ ထင်နေမယ် ကောင်မလေးရယ်… ။

(ကျွန်တော့် ဘေးမှာ အမြဲတမ်း မငြီးမငြူ၊ ပါရမီဖြည့်ပေးတဲ့ ကျွန်တော့်ရဲ့ ချစ်ဇနီး ကို ဒီကဗျာလေး နဲ့ ရည်ရွယ်ပါတယ်။)

နောက်ပြီး (ကျွန်တော်နှင့် အိမ်ထောင်ရေး) ဆိုပြီး တဂ်လာတဲ့ မိုးသည်းည တဖြစ်လဲ ဘလော့ဂ်ဂါ ကျွန်တော် ကိုလည်း၊ ကျွန်တော့်ရဲ့ အိမ်ထောင်ရေးဟာ ဒီကဗျာထဲက အတိုင်း ဖြစ်တယ်ဆိုတာ အသိပေးအပ်ပါတယ်။

If you're new here, you may want to subscribe to my RSS feed. Thanks for visiting!