ဆီတိုင်ကီ

On Facebook

 

« | Home | »



ကိုယ်ယုံကြည်ရာ

October 26th, 2009 | →

for blog

ကောင်မလေးရေ………..
ငါတို့နှစ်ယောက်ကို ဆုံစည်းစေခဲ့တဲ့
အရှင့်ကို ငါပထမဆုံး ယုံကြည်တယ်။
အဲဒီလို ဆုံစည်းစေမယ့် ငါတို့ရဲ့ နှဖူးစာကို
အစောကြီးကတည်းက ရေးသားပေးခဲ့တဲ့
အဲဒီအရှင့်ကိုပဲ ငါဒုတိယ ယုံကြည်တယ်။
ငါတို့ဘ၀ရဲ့ အကောင်းအဆိုး အားလုံး
အဲဒီ အရှင့်အလိုတော်အတိုင်းပဲ ဖြစ်မယ်ဆိုတာကိုလည်း
ငါတတိယ အနေနဲ့ ယုံကြည်တယ်။
ငါတို့ရဲ့ မျှော်လင့်ချက်တွေအတွက်၊
ဘယ်လိုမှ ပြောင်းလဲလို့ မရတဲ့ နဖူးစာကို
ငါတို့ရဲ့ ခိုင်မာတဲ့ ဆုတောင်းတွေနဲ့
ပြောင်းလဲသွားစေမယ် ဆိုတာကိုလည်း
ငါ စတုတ္ထအနေနဲ့ ယုံကြည်တယ်။
သူ့ဟာသူ တောက်လျှောက်ခုန်နေတဲ့
ငါ့ရင်ဘတ်ထဲက သွေးတုံးတစ်ခုဆီကနေ…
နင့်အတွက်ချည်းသက်သက်
ငါသေမယ့် တစ်နေ့အထိ
အချစ်တွေ ထွက်လာမှာကိုလည်း
ယုံကြည်တယ် ကောင်မလေးရယ်။

(မိုးထက်အိမ် တဂ်လာတဲ့ ကိုယ်ယုံကြည်ရာ ဆိုတဲ့ တဂ်ပို့စ်လေးပါ။ အများကြီးရေးဖို့ အားခဲထားတဲ့ အကြောင်းလေး ရှိပါတယ်။ ဒါပေမယ့် ဒီကဗျာလေးကို ရေးချင်စိတ်များနေတာရယ်၊ အမြန်တင်ချင်တဲ့ စိတ်ရယ်ကြောင့် ဒါလေးကိုပဲ တင်ဖြစ်လိုက်ပါတယ်။)

tag-post

Related Posts

 

Comments

This entry was posted on Monday, October 26th, 2009 at 3:57 pm and is filed under tag-post. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
3 Comments so far

  1. မေကျော် on October 26, 2009 4:22 pm

    အားပါးပါး… ယုံစေဗျာ.. ယုံစေ… :)

  2. flowerpoem on October 28, 2009 3:01 pm

    ယုံကြည်ချက်တွေ ခိုင်မာပါစေရှင်… ကျွန်မလည်းရေးရတယ် အားရင် လာဖတ်ပါအုံးနော်..

  3. မိုးသည်းည on October 30, 2009 6:40 pm

    nice poem bro :)

Name (required)

Email (required)

Website

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Share your wisdom

« | Home | »