ဆီတိုင်ကီ

On Facebook

 

« | Home | »



အန်းတားသည် ဘလော့ဂ်ဂင်း

October 22nd, 2009 | →

Photobucket

ဘလော့ဂ်ရေးဖော် သူငယ်ချင်းတွေနဲ့ အတူတူ ကျွန်တော် ဘလော့ဂ်ဘက်ကို လာခဲ့ဖို့ ဖိတ်ခေါ်ပို့စ်လေးကို ရေးခဲ့ပြီးပါပြီ။ ဒီပို့စ်လေးကို ဖတ်မိပြီး ဘလော့ဂ်ဂင်းဘက်ကို စိတ်ပါဝင်စားသူ ရှိသလို၊ ဖာသိဖာသာ နေသွားတဲ့ သူတွေလည်း ရှိမှာပါ။ တဂ်ပို့စ်ကို ရေးပေးခဲ့တဲ့ သူငယ်ချင်းတွေ အားလုံးကတော့ သူတို့နည်း သူတို့ဟန်နဲ့ သူတို့ရဲ့ သူငယ်ချင်း အပေါင်းသင်းတွေကို ဘလော့ဂ်ဂင်း ဘက်ကို ထပ်ပြီး ဖိတ်ခေါ်နေလောက်ပါပြီ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ညံ့ဖျင်းချက်ကတော့ ဘလော့ဂ်ဘက်ကို လာဖို့သာခေါ်တဲ့ ပို့စ်ကိုရေးပြီး ဘယ်လိုဘလော့ဂ်ကို ဖန်တီးရမယ် ဆိုတာကိုတော့ ညွှန်ပြဖို့ မေ့ခဲ့မိပါတယ်။ ဒါကြောင့်မို့ ဘလော့ဂ်ဂင်း ကို စိတ်ဝင်စားမယ့် သူငယ်ချင်းတွေအတွက် လမ်းညွှန်မှုလေးတွေ ပေးချင်ပါတယ်။
ကျွန်တော် ဘလော့ဂ်ကို စစချင်း byethost မှာ လုပ်ခဲ့တာပါ။ ကိုသင်္ကြန်ရဲ့ အီးဗုက်ထဲက အတိုင်းပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ byethost က hosting နဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေ၊ စိတ်မချရတာတွေ ရှိလာပါတယ်။ ခဏခဏ hosting ပြုတ်ကျပါတယ်။ ကျွန်တော်ရဲ့ zox-netmaze.iblogger.org ကို အဲဒီမှာ လုပ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ဘလော့ဂ်ပါ။ အဲဒီ ဘလော့ဂ်လေးကို ရေးနေရင်း တန်းလန်းမှာပဲ ကျွန်တော် mmnetmaze.co.cc ကို webhost နဲ့ co.cc အားကိုးနဲ့ ကိုသင်္ကြန်ရဲ့ အီးဗုက် အသစ်အတိုင်း၊ သူရဲ့ လမ်းညွှန်မှုနဲ့ ထပ်မံ တည်ဆောက်ခဲ့ပါတယ်။ အစပိုင်းမှာတော့ တော်တော် အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ဆရာကိုသင်္ကြန်ရဲ့ သတိပေးချက်အရ co.cc free domain အဖွဲ့ကနေ လူလည်ကျမှုတွေကို ကြားသိခဲ့ရပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ တဆင့်စကား၊ တဆင့်နားနဲ့ free hosting တွေရဲ့ အာမခံမဲ့ အဆင်မပြေမှုတွေကို သိလာရတဲ့နောက် ကျွန်တော်လည်း တော်တော်ခေါင်းခြောက်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် myanmargenius ကို စတင်သိကျွမ်းခွင့် ရခဲ့ပါတယ်။ ဒါလည်း ကိုသင်္ကြန်ရဲ့ mmwordpress က လမ်းညွှန်မှုကြောင့်ပါပဲ။ မြန်မာတွေ အချင်းချင်း ၀န်ဆောင်မှုပေးတယ်။ အခမဲ့ ဘလော့ဂ်ပိုင်ဆိုင်မှုရမယ်။ အာမခံချက် ရှိတယ်ဆိုပြီး ကြားသိရတဲ့နောက် ကျွန်တော် mmgenius ကို ခုန်ကူးခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် စသုံးခဲ့တဲ့ အချိန်ကနေစပြီး အခုအချိန်အထိ အစစ အရာရာကို mmgenius မှာ လွယ်ကူခဲ့ပါတယ်။ ဘလော့ဂ်လုပ်လိုသူ မည်သူမဆို www.myanmargenius.com မှာ Register လုပ်ပြီး Blog Invitation မှာ မိမိမေးလ်ကို ပေးပြီး ဘလော့ဂ်တောင်းခံပါ။ Reply မေးလ် လက်ခံရရှိချိန်မှ စပြီး အဆင့်ဆင့် Fill up ပြုလုပ်၊ ဘလော့ဂ်တိုင်တယ်လ် ရွေးကာ ဘလော့ဂ်တစ်ခုကို အမြန်ဆုံး ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ အားလုံးပဲ လှပတဲ့၊ အကျိုးဖြစ်ထွန်းမယ့် ဘလော့ဂ်တွေ ပိုင်ဆိုင်နိုင်ပါစေ။

Read it

Related Posts

 

Comments

This entry was posted on Thursday, October 22nd, 2009 at 1:40 pm and is filed under Read it. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
7 Comments so far

  1. flowerpoem on October 23, 2009 2:04 pm

    ကို ZOX ရေ…ကျေးဇူးတင်ပါတယ်. . . .ရေးရကျိုးနပ်သွားပါပြီရှင် ဒီမှာက စီဗုံးမရလို့ မန့်ပခဲ့ပြီ

  2. မေကျော် on October 24, 2009 10:22 am

    လိုတယ် အဲဒါလေးလည်း .. :)

  3. နေ့အိပ်မက် on October 24, 2009 3:07 pm

    ဒါလည်းကြော်ငြာပေါ့.. :) .. ကိုဘလက်ဝမ်းသာတော့မယ်…. နေ့အိပ်မက်လည်း တဂ်ပို့စ်အောက်မှာ လင့်တွေထည့်ပေးမလို့ စဉ်းစားသေးတယ်.. ဘလော့ဂ်လုပ်ဖို့လိုတဲ့လင့်တွေလေ ပြီးတော့ ပျင်းတာနဲ့ မအားတာနဲ့ပေါင်းပြီး ကျန်ခဲ့တာ.. တခြားလူတွေနဲ့ mmgeniusအစားပြောပေးမယ်.. ကျေးဇူးကိုzox

  4. Mg Ogga on October 25, 2009 9:15 am

    ဒါ MMG ကသူတွေကို ဒီလိုပုံလေးလုပ် ပေးတော့ ကြည်နူးတယ်ဗျာ ၀မ်းသာတယ် အခု ဘာအံရောက်နေတော့ မအားသေးဘူးဗျ အစ်ကိုတို့ ကိုသတိရလိုဝင်လာတာ ကျနော်လည်းပါတယ်နော် ဟီးဟီးမိုက်တယ်ဗျာ ဒါကြောင့် ငါ အစ်ကိုကြီးကချစ်ဖို့ကောင်းတာ

  5. မောင်ဘကြိုင် on November 12, 2009 7:00 am

    အခုမှမန့်ဖြစ်တယ်း) ဖတ်သွားတယ်အစ်ကို
    ကျွန်တော်လဲမြန်မာပြည်မှာဝင်ရထွက်ရလွယ်တဲ့ အိမ်လေးတလုံးဆောက်ဖို့ကြိုးစားနေတာ
    သူများတွေ ဟိုပြေးဒီပြေးဖြစ်နေတာ ဖတ်ရကြားရပြီး ဘာမှမတတ်တဲ့ ကျွန်တော်လဲ
    ဘာလုပ်ရမှန်းမသိဖူးဖြစ်နေတာ နောက်မှ အစ်ကိုတယောက်က မိုင်လပ်ကဖေးကိုညွန်းလို့
း)

  6. Black Dream on February 22, 2010 1:39 am

    ကျွန်တော်တော့ ရိုက်သတ်အခံရတော့မယ် ထင်တယ်..။ အီး…။ :(

  7. Black Dream on February 22, 2010 1:41 am

    By The Way ချိတ်ထားတဲ့ Link က အရင် phpbb က link ဖြစ်နေတဲ့အတွက် အခု ipboard ပြောင်းလိုက်တဲ့အချိန်မှာ အယ်ရာတက်နေတယ်ညီလေးရေ..။

Name (required)

Email (required)

Website

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Share your wisdom

« | Home | »