
ကောင်မလေးရေ…
နင်နဲ့ ငါနဲ့ခွဲနေရတာ
သတင်းပတ်တွေလည်း တော်တော်တောင်
လွန်ခဲ့ပြီနော်။
နင်နဲ့ ဝေးနေရတဲ့ နေ့တိုင်း နင့်အပေါ် ငါအမြဲ
သတိရနေပါတယ်။
သတိရတဲ့ အချိန်တိုင်းလည်း နင်နဲ့ ငါ့ဘ၀အတွက်
အမြဲတမ်း တောင်းဆုပြုပါတယ်။
ငါတို့ဘ၀တွေ ခိုင်မာလာဖို့နဲ့
ရင်ဆိုင်နေရတဲ့ သောကတွေကနေ ကင်းဝေးဖို့
ငါတို့ အရှင်ဆီကနေ ငါအမြဲတမ်း တောင်းခံနေပါတယ်။
ကောင်မလေးရေ…
ဒီနေ့က နှစ်ဟောင်းကုန်မယ့် နှစ်သစ်မကူးတကူး ညနော်။
အားလုံးက ပျော်နေကြပေမယ့် (အားလုံးလည်း ပျော်ရွှင်ကြပါစေ။)
နင်နဲ့ ဝေးနေရတဲ့ ငါ၊
အဝေးကနေ နင့်ကို သတိရနေပါတယ်။
နင့်အပေါ် လွမ်းဆွတ်နေပါတယ်။
လာမယ့် နှစ်မှာ ငါတို့ နှစ်ယောက် ပြန်ဆုံကြရအောင် ကောင်မလေးရယ်။


ကျွန်တော် wp-flake plugin ကို မောင် ဘရီးဇ်ဆီကနေ စပြီး ရခဲ့တာပါ။ သူ့ဘလော့ဂ်ဟောင်းလေးမှာ အဲဒီ ပလဂ်အင်သုံးထားတာကို တွေ့လို့ ကျွန်တော်လည်း နှစ်သက်ပြီး သူ့ဆီက ကျွန်တော် တောင်းခဲ့ပါတယ်။ သူကလည်း ကျွန်တော့်ကို လိုလိုလားလားနဲ့ နည်းလမ်းပြပြီး ပေးခဲ့ပါတယ်။ wp-flake plugin ဆိုတာ အခု ကျွန်တော့် ဘလော့ဂ် စာမျက်နှာမှာ အသုံးပြုထားတဲ့ နှင်းတွေကျနေတဲ့ ပုံစံမျိုး Effect လေးပါ။ ကျွန်တော်တို့ mmgenius ၀ိုင်းတော်သား မောင်ဇော်ထိုက် အပါအ၀င် မိတ်ဆွေတော်တော်များများက အဲဒီ ပလဂ်အင် အသုံးပြုပုံလေးကို ကျွန်တော့်ကို မေးကြပါတယ်။ သူတို့ အပါအ၀င် တခြားသိချင်တဲ့ သူတွေရှိခဲ့ရင်လည်း အလွယ်တကူ သိရှိအသုံးပြုနိုင်အောင် ကျွန်တော်ပို့စ်အဖြစ် တင်လိုက်ခြင်း ဖြစ်ပါတယ်။ wp-flake plugin ရယူဖို့ အတွက်ရော၊ အသုံးပြုဖို့အတွက်ပါ အင်မတန် လွယ်ပါတယ်။ ကျွန်တော်တို့ wordpress login ၀င်ပြီး Dashboard မှာရှိနေတဲ့ Plugins ရဲ့အောက်က Add New ကို ကလစ်နှိပ်လိုက်ပါ။ အဲဒီမှာ plugin search box ကျလာရင် wp-flake ကို ရိုက်ထည့်လိုက်ပါ။ plugins တွေ တန်းစီပြီး ကျလာတာကို တွေ့ရပါမယ်။ flake ဆိုတဲ့ ပလဂ်အင်လည်း အဲဒီမှာ ပါလာပါမယ်။ အဲဒီ flake plugin ကို အင်စတောလုပ်ပါ။ အင်စတောပြီးသွားရင် တခါတည်း Activate လုပ်ပါ။ ပြီးရင် မိမိဘလော့ဂ်ရဲ့ visit site ကို နှိပ်လိုက်ရင် ဘလော့ဂ်မှာ နှင်းတွေကျနေတာကို တွေ့ရပါမယ်။ wp-flake ပလဂ်အင်လိုမျိုး နှင်းပွင့်လေးတွေကျတဲ့ တခြားပလဂ်အင်တွေလည်း အဲဒီ Search box ထဲမှာ တွေ့နိုင်ပါတယ်။ အားလုံး အဆင်ပြေပါစေ။
အားဆေးပုလင်း