ဆီတိုင်ကီ

On Facebook

MMgenius Vote အစီအစဉ်။

Ξ September 23rd, 2009 | → 0 Comments | ∇ Read it |

Photobucket

ကျွန်တော်တို့ရဲ့ mmgenius က သတင်းကောင်းလေးကို ပေးချင်ပါတယ်ခင်ဗျာ။ အောက်ပါအတိုင်းပါ။

ကျွန်တော်တို့ရဲ့ MMGenius Blog Service အား ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှစတင်ကာ မြန်မာလူ ငယ်များ အဆင်ပြေလွယ်ကူစွာ ကိုယ်ပိုင် Website များပိုင်ဆိုင်နိုင်ရေးအတွက် စတင်တည်ထောင် ဖွဲ့စည်းခဲ့ပါတယ်..။ ယခုအခါ ကျွန်တော်တို့ရဲ့ MMGenius Blog Service တွင် Register လုပ်ကာအသုံးပြုနေသော Blog (၈) လအတွင်း စုစုပေါင်း ၃၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ်..။

ကျွန်တော်တို့ရဲ့ MMGenius Blog Service အား အဓိကရည်ရွယ်ချက်နှစ်ခုဖြင့် တည်ထောင်ခဲ့ပါတယ်။ ပထမ အချက်အနေဖြင့် Website တစ်ခု အား မည်သို့မည်ပုံအသုံးပြုတည်ဆောင်နိုင်ပုံကို လေ့လာနိုင်ရန်နှင့်။ ဒုတိယ အချက်မှာ မိမိတို့သိထားတတ်ထားသည်များ၊ အနုပညာဖန်တီးမှုများ ကို ခင်းကျင်းပြသရန်တို့ ဖြစ်ပါတယ်..။

အထက်ပါ အချက် ၂ ခုအနက်မှ ယခုအခါ ကျွန်တော်တို့ရဲ့ MMGenius Blog Service တွင် အမှန်တစ်ကယ် တစ်စိုက်မတ်မတ်ရေးသားနေသော User များအား ပိုမိုအဆင်ပြေချောမွေ့စွာ အသုံးပြုရေးသားစေနိုင်ရန်အတွက် အထူးအစီစဉ် တစ်ခုကို စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်..။

၎င်းအစီအစဉ်မှာ ယခင်က ကျွန်တော်တို့ရဲ့ Myanmar Genius Forum တွင် ပို့စ် ၁၀၀ ပြည့်မှ ပေးမည်ဖြစ် သော Fully Access Account များအား Vote အရေအတွက်အများဆုံးရရှိမည့် Blog ၁၀ ခုအား မေတ္တာလက်ဆောင် (အခမဲ့) ပေးသွားမှာဖြစ်ပါတယ်။ ထိုကဲ့သို့ Fully Access များအား မေတ္တာလက်ဆောင်အဖြစ်ရွေးချယ် သတ်မှတ်ပေးရာတွင် …

တရားမျှတမှု၊ တန်းတူညီမျှမှု ရှိစေရန်အတွက် အသုံးပြုသူများအချင်းချင်း မှသော်လည်းကောင်း၊ စာဖတ်သူများမှသော်လည်းကောင်း၊ Member များမှသော် လည်းကောင်း မဲပေးရွေးချယ် သတ်မှတ်ပေးရသည့် စနစ်ကို အသုံးပြုသွားမည်ဖြစ်ပါ သည်။

Vote လုပ်ရမည့် နေရာမှာ Myanmar Genius Forum တွင်ဖြစ်ပြီး Vote လုပ်လိုသူများမှာ လွတ်လပ်စွာ Vote လုပ်ပိုင်ခွင့်ရှိမည်ဖြစ်ပါသည်။ Vote လုပ်ရန်အတွက် Myanmar Genius Forum တွင် Member အဖြစ်ဝင်ရာက်ရန် လိုအပ်မည်ဖြစ်ပါသည်။ Member မဖြစ်သေးပါက Register လုပ်ရုံဖြင့် မိမိ၏ သူငယ်ချင်း၊ မိတ်ဆွေနှင့် မိမိနှစ်သက်သော Blog အား Fully Access ရရှိစေရေးအတွက် ဆန္ဒပြုနိုင်မည်ဖြစ်ပါသည်။ Vote လုပ်နိုင်ရန်အတွက် ကျွန်တော်တို့ လက်ရှိ MMGenius တွင် တည်ဆောက်ထားသော Blog များအားလုံးရဲ့ Link များနဲ့ ဘလော့အမည် များကို ဖော်ပြပေးထားမည်ဖြစ်ပြီး မိမိတို့ ဆန္ဒရှိသော Blog အား ရွေးချယ်ပေးရုံ သာဖြစ်ပါတယ်…။

ရွေးချယ်၊ ဆန္ဒပေးနိုင်ခွင့်ရှိမည့်ကာလမှာ ၂ ပတ်ဖြစ်မည်ဖြစ်ပြီး စတင် Vote လုပ်နိုင်မည့်နေ့အား ကျွန်တော်တို့မှ တစ်ဆင့်အများသိစေနိုင်ရန် ကြော်ငြာအသိပေးသွားမည် ဖြစ်ပါကြောင်း။

ဖြည့်စွက်ချက်။ ။ MMGenius Full Access Blog Account များအတွက် အောက်ပါ Link တွင်Vote များစတင်ပေးနိုင်ပါပြီ ဖြစ်ပါတယ်..။ http://www.myanmargenius.com/viewtopic.php?f=128&t=1115

Administrator
www.mhyanmargenius.com
www.mmgenius.com

ဘလော့ဂ်မရှိသေးသူများလည်း ဘလော့ဂ်လာလုပ်ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။

 

ရွှေအိမ်သာ

Ξ September 10th, 2009 | → 4 Comments | ∇ Read it |

လူမှုကိစ္စ အထွေထွေကို နေ့စဉ်ကြုံဆုံကြရင်း၊ စိတ်ညစ်ကြရင်းနဲ့ ကျွန်တော်တို့ အချိန်တွေ ကုန်ဆုံးကြ ရပါတယ်။ တစ်ခါတလေ ရယ်ကြ ရပေမယ့် ညစ်ထွေ ရမှုတွေက ပိုများသလို ပါပဲ။ ရယ်စရာကို မရှာချင်တော့ပါ။ ပြုံးစရာလေး တစ်ခုတော့ ရှာတွေ့ထားပါတယ်။

Photobucket

 

Next Page »