ဆီတိုင်ကီ

On Facebook

ကိုယ့်အကြိုက်

Ξ March 25th, 2010 | → 5 Comments | ∇ tag-post |

လူတိုင်း လူတိုင်းတွင် ကိုယ်စီ ကိုယ်စီ အကြိုက်တစ်မျိုးစီ ရှိကြဧ။်။ ထို အကြိုက်များအား အချို့သူတို့ အမှန်တကယ် ပိုင်ဆိုင်ခွင့် ရဧ။်။ အချို့သူတို့မှာမူ စိတ်ကူးထဲတွင်သာ ပိုင်ဆိုင်နိုင်ကြပါဧ။်။ ကျွန်တော်သည် အချို့ကို တကယ်ပိုင်ဆိုင် ခဲ့ရပါဧ။်။ အချို့ကို စိတ်ကူးတွင်သာ ပိုင်ဆိုင်ရပါဧ။်။ အချို့ကိုမူ ပိုင်ဆိုင်ပြီးမှ စွန့်လွှတ်ခဲ့ ရပါဧ။်။

ကျွန်တော် ကြီးပျင်းရှင်သန်ခဲ့ရာ ကျွန်တော်တို့ မိသားစု နေထိုင်ခဲ့သော နေအိမ်ကြီးကို ကျွန်တော် အလွန် ကြိုက်နှစ်သက်ခဲ့ပါ၏။ ကျွန်တော့်အား မိဘများနှင့် အတူ ကြည်နူးနွေးထွေး မှုကို ပေးသော ထိုအိမ်ကြီးကို ကျွန်တော် အလွန် သံယောဇဉ် ရှိခဲ့ပါ၏။ ယနေ့ထက်တိုင် ဖြစ်ပါသည်။ သို့သော် ယခုနေ့ အခါတွင်မူ ကျွန်တော် ထို အကြိုက်ကို စွန့်လွှတ်ခဲ့ရ၏။

ကျွန်တော်အား ၁၄ နှစ်သား အရွယ်မှပင် ကားမောင်းကျွမ်းကျင်မှု အတတ်ပညာကို သင်ပေးသော ကျွန်တော်တို့၏ 230 E Mercedes Benz ကားကြီးကို ကျွန်တော် အလွန်ကြိုက်ခဲ့ပါ၏။ မွေးချင်း တစ်ယောက်သဖွယ် ပြုမူ ဆက်ဆံခဲ့ပါ၏။ ကျွန်တော့် အပေါ် အနွံအတာ ခံလွန်းသဖြင့် သနားလည်း သနားခဲ့ပါ၏။ သို့သော် ယခုအခါတွင်မူ တပါးသူလက်ထဲတွင် အရောင်ပြောင်းကာ ကျွန်တော်နှင့် ဝေးကွာခဲ့ပါ၏။

ကျွန်တော်နှင့် ပထမအိမ်ထောင်ကျ ခဲ့သော Pentium 3 Desktop Computer Set လေးကို ကျွန်တော် နှစ်သက်မြတ်နိုးခဲ့ပါ၏။ သူ့အရှေ့တွင် အချိန်ပြည့် နီးပါးထိုင်ချင်ခဲ့ပါ၏။ သူ့အကြောင်းများသာ စဉ်းစားနေချင်ပါ၏။ ယနေ့ သူ့ကိုစွန့်ကာ ကျွန်တော် ဒုတိယ အိမ်ထောင်ကျ ခဲ့ပါ၏။

ကောင်မလေးကို ကျွန်တော်ကြိုက်နှစ်သက်ပါ၏။ ကျွန်တော်၏ ဘ၀လက်တွဲဖော် ဖြစ်ပါ၏။ ကျွန်တော်၏ ၀ိညာဉ်တခြမ်း ဖြစ်ပါ၏။ ကျွန်တော့် အပေါ် အနွံအတာ ခံသောသူ ဖြစ်ပါ၏။ သူ့ကို ချစ်နေရင်းဖြင့်ပင် ကျွန်တော် သေချင်ပါ၏။ သို့သော် တချိန်က သူနှင့် တူတူသောက်ခဲ့သော ကျွန်တော်တို့ နှစ်ယောက်လုံး အလွန်ကြိုက်နှစ် သက်ခဲ့သော ကော်ဖီပူပူလေးများကို ကျွန်တော့်၏ အစာအိမ်ရောဂါကြောင့် ယနေ့ ကျွန်တော် စွန့်လွှတ်လိုက်ရပါတော့၏။

ကျွန်တော်၏ အကြိုက်များဖြစ်ပါသည် ကိုဏီလင်းညို ခင်ဗျား။

 

အသိတရား

Ξ March 19th, 2010 | → 2 Comments | ∇ tag-post |

ကျွန်တော်တို့ အားလုံး လူအဖြစ် မွေးဖွားလာပြီး တဲ့နောက်မှာ အသိတရား ကိုယ်စီတော့ ရှိလာကြပါတယ်။ အရူးတွေမှာ တောင် သူတို့နဲ့ ပတ်သက်တဲ့ အသိတရားလေး တွေတော့ အနည်းနဲ့ အများရှိကြပါတယ်။ အဲ.. လူမဟုတ်တဲ့ တိရစ္ဆာန်တွေ မှာလည်း သူတို့နည်း သူတို့ဟန်နဲ့ သူတို့နဲ့ ပတ်သက်တဲ့ အသိတရားလေးတွေ ရှိကြပါတယ်။ ဒါပေမယ့် လူကောင်း ပကတိ ဖြစ်ပြီး လူ့အသိစိတ် ပါမလာတဲ့ သူတွေကတော့ အဲဒီ အရူးတွေ၊ တိရစ္ဆာန်တွေလောက် တောင် တန်ဖိုးရှိနိုင်မှာ မဟုတ်ပါဘူးဗျာ။ မိနှင့်ဘ ကမွေးဖွားလို့ ကျွန်တော်တို့ လူ့လောက ကိုရောက်လာပါတယ်။ ဘာမှမလုပ်ပဲ နို့သောက်ပြီး ဗိုက်ပြည့်လာခဲ့တယ်။ ဒီအသက်အရွယ်ထိ ကြီးပြင်းလာခဲ့ပါတယ်။ စာတတ်လာတယ်။ လူတွေနဲ့ ဆက်ဆံတတ်လာတယ်။
အရင်တချိန်မှာ ကိုယ့်အပေါ် လိုလေးသေး မရှိအောင် ထားနိုင်ခဲ့တယ်။ သူတို့ကြောင့် အသိုင်းအ၀ိုင်းကြားမှာ မျက်နှာရခဲ့တယ်။ လောက နိယာမ အတိုင်း အခြေအနေ ဆိုတာ တသမတ်တည်း မရှိနိုင်ဘူးပေါ့။ အခုအချိန်၊ ကိုယ် အိမ်ထောင်ရက်သား ကျပြီးနောက်ပိုင်း သူတို့ဆီမှာ သေးငယ်တဲ့ အကူညီလေး တစ်ခုတောင် မရနိုင်တော့ဘူးဆိုရင်…. ကျွန်တော်တို့ ဘယ်လိုထင်ကြမလဲ။ ငြူစူမယ်။ မကောင်းပြောမယ်။ (နောက်ကွယ်မှာရော… တချို့တချို့ ရှေ့တင်ရော)။ ကိုယ့်မွေးချင်းတွေထဲမှာ မိဘက ကိုယ့်ထက် ဦးစားပေးတဲ့ မွေးချင်း ရှိကောင်းရှိမယ်။ ဒါကလည်း သူ့ကုသိုလ်နဲ့ သူပဲဗျ။ သူ့ကို မနာလို၊ မိဘကို မကောင်းပြောလို့ မရဘူး။ ကိုယ်လိုအပ်နေတဲ့ အချိန်မှာ မိဘဆီက မရခဲ့လို့ သွေးပူပူနဲ့ ကိုယ့်မိဘ အပေါ်ပြောလိုက်တဲ့ စကားတစ်ခွန်း၊ သူတို့ နာကျင်သွားရင် ကျွန်တော်တို့ တသက် ခေါင်းမဖော်နိုင်အောင် လူ့လောကမှာ နေထိုင်သွားရမယ်။ စိတ်ဆိုးတာက ခဏပါဗျာ။ စိတ်နာတာက ဖျက်မရအောင် ဖြစ်တတ်တယ်။ မိခင်က ပြည့်တန်ဆာပင် ဖြစ်ပါစေ မိခင်ကို မိခင် နေရာမှာပဲ ထားပါလို့ အဆိုတစ်ခု ကျွန်တော် ကြားဖူးတယ်။ ကျွန်တော်တို့ ကိုယ်တိုင် တချိန် မိဘတွေ ဖြစ်လာကြမယ်ဗျာ။ ၀ဋ် ဆိုတာ လည်ကို လည်မယ်ဗျ။ ကိုယ် ကိုယ်တိုင် အသိတရား ရှိမှ၊ ကိုယ့် အပေါ်လည်း အသိတရားတွေ ရှိလာကြလိမ့်မယ်။ လူ ပီသဖို့ ကျွန်တော်တို့ အမြဲတမ်း ကြိုးစားနေကြရမှာပေါ့ ဗျာ။

(ကျွန်တော်ရေးတာ အဆီအငေါ် မတည့်ဖြစ်ချင် ဖြစ်မယ် ကိုမောင်မိုး ရေ။ ဒါပေမယ့် ရင်ထဲမှာ ထွက်လာတာတွေကို လက်တမ်းချ ရေးလိုက်တဲ့ အတွက် ခွင့်လွှတ်ပါ။)

 

Next Page »