ZOX

ဘ၀ခရီးသွားတစ်ဦး

RECENT POSTS

TWITTER UPDATES

No public Twitter messages.
  • Left4Dead Pc Game

    ကျွန်တော် ဘလော့ဂ်ရေးချိန် လေးတွေကို ဒီဂိမ်းက ဖဲ့ယူနေတာ ကြာပြီဗျ။ ပို့စ်တွေတောင် မတင်ဖြစ်ဘူး ဖြစ်နေတယ်။ ရေးမယ်လို့ စိတ်ကူးထားတဲ့ အကြောင်းတွေ ရှိပေမယ့် ဘလော့ဂ်ရေးချိန် ဒီဂိမ်းကို ဆော့နေရတာနဲ့ ကျွန်တော် ပို့စ်မတင်ဖြစ်တော့ဘူး ခင်ဗျ။ အခုဆို Left4Dead3 တောင် ထွက်နေပါပြီ။ ဇာတ်လမ်းရော၊ ဂရပ်ဖစ်တွေကပါ တော်တော်ကို ဆော့လို့ကောင်း စိတ်ဝင်စားဖို့ ကောင်းလွန်းလို့ပါ။ ပုံကို မြင်ရင် ဘာဂိမ်းလဲဆိုတာ ပြောစရာလိုမယ် မထင်ပါဘူးဗျာ။ နားကြပ်တပ်ပြီး အသံကိုချဲ့၊ ညသန်းခေါင်လောက်မှာ ဆော့ရင် ပိုတောင် ဆော့လို့ကောင်းသေးတယ်။ ကိုယ့်စိတ် ကိုယ်မနိုင်ရင်တော့ ကလေးသေးခံ လေးတစ်ခု အောက်မှာ ခင်းထိုင်ပြီး ဆော့ပေါ့ဗျာ။ အဟဲ။ နှလုံးရောဂါရှိသူတွေတော့ မဆော့ဖို့ ကြိုတင် သတိပေးချင်ပါတယ်။ ဘာရယ် မဟုတ်ပါဘူး။ ဒီလိုပဲ [...]

  • တောင့်တသူတို့ ၀မ်းမြောက်ဖွယ်

    Blog လုပ်ဖို့တောင်းဆိုထားတဲ့ member များအားလုံး ခင်ဗျာ… ကျွန်တော်တို့ MMgenius Blog Service မှ အကြောင်းအမျိုးမျိုးကြောင့် လစ်ဟင်းမှုများစွာ ဖြစ်ခဲ့ပါတယ်… member များရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုခဲ့တာ မဟုတ်ပါဘူး… MMgenius ကို ပြန်လည် အသက် သွင်းနေရင်း အချိန်များစွာ ကုန်လွန်ခဲ့ပြီးပါပြီ… ခု လာမယ့် မတ်လ ၂ (တောင်သူလယ်သမားနေ့)မှ စတင်ပြီး member များရဲ့ တောင်းဆိုမှုများအားလုံးကို MMgenius မှ Invite လုပ်ပေးမည်ဖြစ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်ခင်ဗျာ…
    MMgenius Admin
    http://mmgenius.com

  • Slider Problem

    ကျွန်တော် Web2feel wordpress themes website ကနေ ဒီ Theme လေးကို တင်လိုက်တာပါ။ မောင်သားဖြိုး တင်ထားတာကို အားကျပြီး ကျွန်တော်လည်း ဒီလိုလှတ ပတ Theme လေးကို တင်ချင်တဲ့ စိတ်လေးတွေ တဖွားဖွား ပေါ်လာပါတယ်။ ဒါနဲ့ ကျွန်တော့်ဆရာ မောင်သားဖြိုး ကို မေးတော့ သူကလမ်းညွှန် ပေးပါတယ်။ သူ့လိုသီးမ်စ် တွေလိုချင်ရင် အဲဒီ ၀ဗ်ဆိုဒ်ကို သွားပြီး ကြိုက်တာကို ရွေး၊ ကြိုက်သလို သုံးနိုင်ကြောင်း ပြောပါတယ်။ ကျွန်တော်ကလည်း ဟုတ်ပြီပေါ့။ သူပြောသလိုပဲ Web2feel ကို သွားပြီး ကျွန်တော်ကြိုက်မယ့် သီးမ်စ်တွေကို ဒေါင်းလုဒ်ချပါတယ်။ Web2feel မှာ wordpresser တွေအတွက် wordpress theme တွေတော်တော် [...]

Left4Dead Pc Game

Posted by zox On March - 7 - 2010 3 COMMENTS

ကျွန်တော် ဘလော့ဂ်ရေးချိန် လေးတွေကို ဒီဂိမ်းက ဖဲ့ယူနေတာ ကြာပြီဗျ။ ပို့စ်တွေတောင် မတင်ဖြစ်ဘူး ဖြစ်နေတယ်။ ရေးမယ်လို့ စိတ်ကူးထားတဲ့ အကြောင်းတွေ ရှိပေမယ့် ဘလော့ဂ်ရေးချိန် ဒီဂိမ်းကို ဆော့နေရတာနဲ့ ကျွန်တော် ပို့စ်မတင်ဖြစ်တော့ဘူး ခင်ဗျ။ အခုဆို Left4Dead3 တောင် ထွက်နေပါပြီ။ ဇာတ်လမ်းရော၊ ဂရပ်ဖစ်တွေကပါ တော်တော်ကို ဆော့လို့ကောင်း စိတ်ဝင်စားဖို့ ကောင်းလွန်းလို့ပါ။ ပုံကို မြင်ရင် ဘာဂိမ်းလဲဆိုတာ ပြောစရာလိုမယ် မထင်ပါဘူးဗျာ။ နားကြပ်တပ်ပြီး အသံကိုချဲ့၊ ညသန်းခေါင်လောက်မှာ ဆော့ရင် ပိုတောင် ဆော့လို့ကောင်းသေးတယ်။ ကိုယ့်စိတ် ကိုယ်မနိုင်ရင်တော့ ကလေးသေးခံ လေးတစ်ခု အောက်မှာ ခင်းထိုင်ပြီး ဆော့ပေါ့ဗျာ။ အဟဲ။ နှလုံးရောဂါရှိသူတွေတော့ မဆော့ဖို့ ကြိုတင် သတိပေးချင်ပါတယ်။ ဘာရယ် မဟုတ်ပါဘူး။ ဒီလိုပဲ [...]

Blog လုပ်ဖို့တောင်းဆိုထားတဲ့ member များအားလုံး ခင်ဗျာ… ကျွန်တော်တို့ MMgenius Blog Service မှ အကြောင်းအမျိုးမျိုးကြောင့် လစ်ဟင်းမှုများစွာ ဖြစ်ခဲ့ပါတယ်… member များရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုခဲ့တာ မဟုတ်ပါဘူး… MMgenius ကို ပြန်လည် အသက် သွင်းနေရင်း အချိန်များစွာ ကုန်လွန်ခဲ့ပြီးပါပြီ… ခု လာမယ့် မတ်လ ၂ (တောင်သူလယ်သမားနေ့)မှ စတင်ပြီး member များရဲ့ တောင်းဆိုမှုများအားလုံးကို MMgenius မှ Invite လုပ်ပေးမည်ဖြစ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်ခင်ဗျာ…
MMgenius Admin
http://mmgenius.com

ယူစေတော့

Posted by zox On February - 24 - 2010 5 COMMENTS

ငါ့မှာ ဘာမှ မရှိဘူး
ကောင်မလေး ရယ်။
ငါ့ တသက်လုံး စောင့်စည်းလာတဲ့
သစ္စာတွေကိုပဲ
နင် ထပ်ယူပါနော်။

ဆုတောင်း

Posted by zox On February - 22 - 2010 4 COMMENTS

ငါ မြက် ဖြစ်ချိန်
နှုတ်ယူဖို့ ကြိုးစားတဲ့ သူတွေ၊
မုန်တိုင်းမှာ မင်းတို့ စပါးတွေ
သက်စိုးရှည်ပါစေ………………။

Slider Problem

Posted by zox On February - 20 - 2010 4 COMMENTS

ကျွန်တော် Web2feel wordpress themes website ကနေ ဒီ Theme လေးကို တင်လိုက်တာပါ။ မောင်သားဖြိုး တင်ထားတာကို အားကျပြီး ကျွန်တော်လည်း ဒီလိုလှတ ပတ Theme လေးကို တင်ချင်တဲ့ စိတ်လေးတွေ တဖွားဖွား ပေါ်လာပါတယ်။ ဒါနဲ့ ကျွန်တော့်ဆရာ မောင်သားဖြိုး ကို မေးတော့ သူကလမ်းညွှန် ပေးပါတယ်။ သူ့လိုသီးမ်စ် တွေလိုချင်ရင် အဲဒီ ၀ဗ်ဆိုဒ်ကို သွားပြီး ကြိုက်တာကို ရွေး၊ ကြိုက်သလို သုံးနိုင်ကြောင်း ပြောပါတယ်။ ကျွန်တော်ကလည်း ဟုတ်ပြီပေါ့။ သူပြောသလိုပဲ Web2feel ကို သွားပြီး ကျွန်တော်ကြိုက်မယ့် သီးမ်စ်တွေကို ဒေါင်းလုဒ်ချပါတယ်။ Web2feel မှာ wordpresser တွေအတွက် wordpress theme တွေတော်တော် [...]

ယူအေအီး ကြမ်းပိုး

Posted by zox On February - 5 - 2010 7 COMMENTS

ပြောမယ် ပြောမယ်နဲ့ ကျွန်တော်လည်း မပြောဖြစ်ခဲ့ဘူးဗျ။ ပြောချင်နေတာ ကတော့ တော်တော်ကြာပြီ။ ပထမဆုံး ကျွန်တော် ယူအေအီးကို အလုပ်ရှာဖို့ သွားတဲ့အခေါက်က အကြောင်းလေးပါ။ အစဆုံး အခေါက်လည်း ဖြစ်၊ အလည်ဗီဇာ နဲ့ သွားတာကလည်း ဖြစ်၊ အလုပ်ရှာဖို့ အတွက်လည်း ဖြစ်တော့ အလုပ်မရခင် စပ်ကြားမှာ နေဖို့ထိုင်ဖို့ အခန်းတစ်ခုကို မိတ်ဆွေ တစ်ယောက်ရဲ့ အကူအညီနဲ့ ကြိုတင် ငှားခိုင်းခဲ့ပါတယ်။ နေရာကတော့ အဘူဒါဘီမြို့ရဲ့ ဟမ်ဒါးန် လမ်းမမှာပါ။ ရောက်တဲ့ နေ့မှာပဲ အဲဒီအခန်းကို ပါလာတဲ့ အထုပ်အပိုးတွေ သယ်ပြီး တခါတည်း သွားနေဖြစ်ပါတယ်။ ရပ်ကွက်နေရာ ကတော့ နေရာကောင်း လေးပါ။ ဆိုးတာက ကျွန်တော်နေထိုင်ရတဲ့ ငှားရမ်းခဲ့တဲ့ အဲဒီတိုက်ပါပဲ။ အဲဒီ တိုက်ကြီးမှာ ကျွန်တော့်အထင် [...]

ပတ္တမြားမှန်ရင် နွံနစ်ရိုး ထုံးစံမရှိပါဟု ကျွန်တော်၏ ဆရာမောင်သားဖြိုးက ကောမန့်တွင် ပြောလာပါသည်။ မှန်ပါသည်။ ကျွန်တော်တို့ အားလုံး ဇွဲရှိစွာဖြင့် စိတ်ဓါတ်မချပဲ ရှေ့သို့ဆက်လက် ချီတက်ကြပါဦးမည်။ ကျွန်တော်တို့ ချစ်သော ဘလော့ဂ်စာမျက်နှာ များကို ဆက်လက်ရှင်သန်စေပါဦးမည်။ ၀ါသနာ၊ ဗဟုသုတများကို ဆက်လက် ဖြန့်ဝေပါဦးမည်။ ဘယ်လိုလူတွေ ဘယ်လောက်ပင် ဖျက်စီးပါစေ၊ ပိတ်ပင်ပါစေ ဆက်လက် လျှောက်လှမ်းနေပါဦးမည်။ နေပူထဲတွင် အခြားသူများကို လှည့်မကြည့်ပဲ၊ (ခဏခဏ ထကြည့်ရင် အိပ်ရေးပျက်တယ် ဆိုပဲ) ကွန်ယက်ပေါ်တွင် ဆက်လက် ရှင်သန်နေပါဦးမည်။ အားလုံးသိကြသည့် အတိုင်း ကျွန်ုပ်တို့ mmgenius group အဘန်းခံလိုက် ရပါသည်။ လွယ်ကူ လွတ်လပ်စွာ ဘလော့ဂ်ရေးခွင့် ဆုံးရှုံးခဲ့ရပါသည်။ တချိန်က ဘလော့ဂ်စပေါ့တ် ယူဇာများလို ကျွန်တော်တို့လည်း ကျော်ခွရသည့် [...]

ကျွန်တော် သိတာကတော့ အဲဒီနေ့က နေမပူပါဘူးခင်ဗျ။ ဘယ်လိုလူတွေ ဘာကြောင့် ရူးသွားလဲဆိုတာ ကိုလည်း ကျွန်တော် မပြောတတ်တော့ပါဘူး။ ကျွန်တော်တို့ mmgenius group က ဘလော့ဂ်တွေဟာ အားလုံး သန့်သန့်လေးတွေ ပါပဲ။ ဘာနိုင်ငံရေး ဘလော့ဂ်မှ မပါသလို၊ ဘာညစ်ညမ်းဘလော့ဂ် မှလည်း မပါပါဘူး။ ရင်ထဲက ခံစားချက်လေးတွေ၊ ဘ၀အတွေ့အကြုံတွေ၊ ၀ါသနာပါရာ အနုပညာတွေနဲ့ အသိပညာ ပြန့်ပွားရေးတွေ အတွက် သီးသန့် ဖြန့်ဝေနေတဲ့ ဘလော့ဂ်တွေပဲ ရှိပါတယ်။ mmgenius တီထောင်သူ အပါအ၀င်၊ အဖွဲ့သားအားလုံးလည်း ကိုယ့်ဘလော့ဂ် အပေါ်မှာ တကယ်ချစ်စိတ်နဲ့ ရေးနေတဲ့ သူတွေချည်း ပါပဲ။ ဘယ်သူ့ကိုမှ စောင်းမြောင်း စော်ကားချင်းလဲ မရှိခဲ့ဖူးပါဘူး။ ကျွန်တော် စဉ်းစားမရတာက ကျွန်တော်တို့ mmgenius ဘာကြောင့် [...]

ကောင်မလေးရေ…
နှစ်သစ်မှာ နင့်အနားကို ငါအရောက်ပြန်လာနိုင်ခဲ့ပြီ။
ငါ့အလွမ်းတွေလည်း တချို့တ၀က်လောက်
ပြေစပြုနေပြီ။
နင့်လက်ကလေး ကိုလည်း
ပြန်ဆုပ်ကိုင်ထားလိုက်နိုင်ပြီ။
ငါ့ရင်ခွင်ကိုလည်း နင်အိပ်ဖို့အတွက် ပြန်ဖွင့်ထားနိုင်ပြီ။
ဒါပေမယ့် …
ငါဝမ်းနည်းမိတာက ငါတို့ရဲ့ ခိုင်မာတဲ့ အမိုးကြီးတစ်ခု
ဘယ်လိုမှ ပြန်တပ်မရနိုင်တဲ့ အမိုးကြီးတစ်ခု၊
ငါ့ကို မစောင့်ပဲ ပြိုလဲသွားလိုက်ပြီ။
ကောင်မလေးရေ…
ဘယ်လိုလုပ်မလဲ။
အမြဲရှိနေနိုင်တာ ဘာရှိလဲ။
တစ်နေ့မှာ ငါတို့လည်း အမိုးတွေ ဖြစ်ရဦးမှာ။
ငါတို့လည်း ပြိုလဲရဦးမှာ။
ငါတို့ ဘာတွေပြင်ဆင်ပြီးပြီလဲ။
ငါတို့ အနာဂတ်အတွက်၊ ငါတို့အရှင်ဆီမှာ
မျက်နှာပန်းလှဖို့ အတွက်………..။
အမိုးတစ်ခု မရှိတော့တဲ့ ငါတို့ဘ၀မှာ
နောင်ရောက်လာမယ့် ငါတို့ရင်သွေးလေးက
ငါတို့ဘ၀အတွက် အကာလေးတစ်ခုတော့
ဖြစ်စေချင်တယ်။
တချိန်မှာ ငါတို့အတွက် အားကိုးရာ မဟုတ်တောင်
အားတက်စရာ အကာလေးတော့ ဖြစ်စေချင်တယ်…..။

ဝမ်းနည်းမှတ်တမ်း

Posted by zox On January - 12 - 2010 6 COMMENTS

ကျွန်တော် အမိမြန်မာ နိုင်ငံကို ပြန်ရောက်တဲ့ နေ့မှာပဲ သတင်းဆိုး တစ်ခုကို ကြားခဲ့ရ ပါတယ်။ လေဆိပ်မှာ ရှိနေတုန်း အဲယားလိုင်း ကတာဝန်ရှိသူ တစ်ဦးက ကျွန်တော့်ကို အပြေးအလွှား လာအကြောင်းကြား တာပါ။ ကျွန်တော့် အပေါ် အဖေလို၊ ကျွန်တော့်ဘက် ကလည်း ဖခင်တစ်ယောက်လို ချစ်ခင် ဆက်ဆံ ခဲ့တဲ့ ကျွန်တော့်ရဲ့ ယောက္ခထီး ကွယ်လွန်ဆုံးပါး သွားခဲ့ပါတယ်။ လက်ဆွဲအိတ် တွေကို လေဆိပ်မှာ ကျွန်တော်ထုတ်ဖို့ စောင်းဆိုင်းနေချိန်မှာ သူ့ကိုလည်း အသုဘချဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်လည်း အကြောင်းကြား ချက်ကို ကြားသိရ ရချင်း လက်ဆွဲအိတ် တွေကို မယူပဲ အပြင်ကို ချက်ချင်းထွက်လာ ခဲ့လိုက်ပါတယ်။ အပြင်မှာ ကျွန်တော့် အဖေနဲ့ အမေရယ်၊ နောက်တခြား [...]

ကောင်မလေးရေ…
နင်နဲ့ ငါနဲ့ခွဲနေရတာ
သတင်းပတ်တွေလည်း တော်တော်တောင်
လွန်ခဲ့ပြီနော်။
နင်နဲ့ ဝေးနေရတဲ့ နေ့တိုင်း နင့်အပေါ် ငါအမြဲ
သတိရနေပါတယ်။
သတိရတဲ့ အချိန်တိုင်းလည်း နင်နဲ့ ငါ့ဘ၀အတွက်
အမြဲတမ်း တောင်းဆုပြုပါတယ်။
ငါတို့ဘ၀တွေ ခိုင်မာလာဖို့နဲ့
ရင်ဆိုင်နေရတဲ့ သောကတွေကနေ ကင်းဝေးဖို့
ငါတို့ အရှင်ဆီကနေ ငါအမြဲတမ်း တောင်းခံနေပါတယ်။
ကောင်မလေးရေ…
ဒီနေ့က နှစ်ဟောင်းကုန်မယ့် နှစ်သစ်မကူးတကူး ညနော်။
အားလုံးက ပျော်နေကြပေမယ့် (အားလုံးလည်း ပျော်ရွှင်ကြပါစေ။)
နင်နဲ့ ဝေးနေရတဲ့ ငါ၊
အဝေးကနေ နင့်ကို သတိရနေပါတယ်။
နင့်အပေါ် လွမ်းဆွတ်နေပါတယ်။
လာမယ့် နှစ်မှာ ငါတို့ နှစ်ယောက် ပြန်ဆုံကြရအောင် ကောင်မလေးရယ်။

wp-flake plugin for wordpress

Posted by zox On December - 30 - 2009 4 COMMENTS

ကျွန်တော် wp-flake plugin ကို မောင် ဘရီးဇ်ဆီကနေ စပြီး ရခဲ့တာပါ။ သူ့ဘလော့ဂ်ဟောင်းလေးမှာ အဲဒီ ပလဂ်အင်သုံးထားတာကို တွေ့လို့ ကျွန်တော်လည်း နှစ်သက်ပြီး သူ့ဆီက ကျွန်တော် တောင်းခဲ့ပါတယ်။ သူကလည်း ကျွန်တော့်ကို လိုလိုလားလားနဲ့ နည်းလမ်းပြပြီး ပေးခဲ့ပါတယ်။ wp-flake plugin ဆိုတာ အခု ကျွန်တော့် ဘလော့ဂ် စာမျက်နှာမှာ အသုံးပြုထားတဲ့ နှင်းတွေကျနေတဲ့ ပုံစံမျိုး Effect လေးပါ။ ကျွန်တော်တို့ mmgenius ၀ိုင်းတော်သား မောင်ဇော်ထိုက် အပါအ၀င် မိတ်ဆွေတော်တော်များများက အဲဒီ ပလဂ်အင် အသုံးပြုပုံလေးကို ကျွန်တော့်ကို မေးကြပါတယ်။ သူတို့ အပါအ၀င် တခြားသိချင်တဲ့ သူတွေရှိခဲ့ရင်လည်း အလွယ်တကူ သိရှိအသုံးပြုနိုင်အောင် ကျွန်တော်ပို့စ်အဖြစ် တင်လိုက်ခြင်း ဖြစ်ပါတယ်။ wp-flake [...]

ပီတိအော့ဖ်ဘလော့ဂ် ကိုရေးပြီးနောက်ပိုင်း ဖောင့်တ် အခက်အခဲကြောင့် ကျွန်တော် ပို့စ်တွေရေးလို့မရ ဖြစ်ခဲ့ရပါတယ်။ သူငယ်ချင်း ဘလော့ဂ်တွေကို သွားလည်တဲ့ အခါမှာလည်း ကောမန့်ရေးချင်ပေမယ့် အဲဒီ ဖောင့်တ် အခက်အခဲကြောင့်ပဲ ကောမန့်တွေ မရေးပဲ ထားဖြစ်ခဲ့ရပါတယ်။ ကျွန်တော် တဂ်ထားတဲ့ ပို့စ်တွေကို မညီးမညူရေးပေးတဲ့ ဘော်ဒါတွေရဲ့ အဲဒီတဂ်ပို့စ်တွေကိုလည်း ဖတ်သာဖတ်ခဲ့ရပြီး ကောမန့်ရေးမရပဲ ရင်မောပြီး ခဏခဏပြန်ခဲ့ရပါတယ်။ ဒီနေ့တော့ ကျွန်တော့်ဆရာသမား မောင်သားဖြိုးနဲ့ အွန်လိုင်းမှာ ဆုံဖြစ်ပါတယ်။ ရန်ကုန်အချိန် ည တစ်နာရီ လောက်မှာပါ။ မအိပ်သေးပဲ ဘာတွေအလုပ်ရှုပ်နေတယ် မသိပါဘူး။ ကျွန်တော် မေးကြည့်တော့ အနုပညာလုပ်ငန်းတွေ တိုးချဲ့နေတယ်ဆိုတယ်လို့ ကျွန်တော့်ကိုတော့ ပြောပါတယ်။ ကျွန်တော်လည်း ညကြီးအချိန်မတော် အားကိုးစရာ လက်ဦးဆရာ ကိုတွေ့တော့ ကျွန်တော့်ရဲ့ အခက်အခဲကို တင်ပြလိုက်ပါတယ်။ ဆရာကလည်း [...]

ပီတိအော့ဖ်ဘလော့ဂ်

Posted by zox On December - 20 - 2009 6 COMMENTS

သူငယ်ချင်းတွေရဲ့ ကျောင်းအဆောင်ကို ခဏရောက်ရင်း သူတို့နောက်နေ့ စာမေးပွဲရှိတာနဲ့ ကျွန်တော်လည်း စောစောစီးစီး ညက အိပ်လိုက်မိပါတယ်။ ၀ါယာလက်စ် ကော်နက်ရှင်ကလည်း လုံးဝအဆင်မပြေတာနဲ့ ဆန္ဒရှိပေမယ့်လည်း ဘလော့ဂ်ကို ဖွင့်မကြည့်ဖြစ်တော့ဘူးပေါ့။ နောက်တစ်နေ့မှာတော့ သူငယ်ချင်းတွေက စောစောစီးစီးထပြီး သူတို့ကျောင်းကို သွားကြပါတယ်။ ကျွန်တော်ကတော့ အားအားရှိရှိတာနဲ့ ဆက်အိပ်နေလိုက်တာပေါ့။ အရင့်အရင် ရက်တွေက အိပ်ပျက်ထားတာတွေကို အတိုးချတယ်လို့လည်း ဆိုရပါမယ်။ ခရီးသွားလုပ်ငန်း နဲ့အတူ ဒီနိုင်ငံကို ရောက်လာပြီး ကတည်းက ခရီးသည်တွေကို အကျိုးဆောင်ပေးရင်း နားချိန်က သိပ်မရှိတော့ နားချိန်လေး ရတုန်းမှာ အားရပါးရ နားနေလိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ခရီးသွားကာလမှာက မျက်စိလည်ပြီး ပျောက်သွားတဲ့ ခရီးသည်တွေကို ရှာရရင် ထမင်းစားချိန်ပါ မေ့ပြီး ထမင်းပါငတ်ရတာကိုးဗျ။ ကိုယ့်မှာကလည်း တာဝန်ရှိတော့ မဖြစ်မနေ မတွေ့တွေ့အောင် [...]

Happy Birthday

Posted by zox On December - 19 - 2009 5 COMMENTS

ကောင်မလေးရေ…
လူသားတစ်ဦးရဲ့ အပြစ်အကင်းစင်ဆုံး အချိန်ဟာ သူမွေးဖွားလာတဲ့ နေ့ပဲဟ။
ဒီဇင်ဘာလ ၁၇ ရက်နေ့ဟာ ဒီလောကကြီးမှာ နင်မွေးဖွား လာတဲ့နေ့ဆိုတော့…
ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ဘ၀မှာတော့ နင်ဟာအမြဲတမ်း အပြစ်ကင်းစင်နေမှာပါ။
ငါ့အတွက် အမြဲတမ်း ဖြူစင်နေမှာပါ။
အမြဲတမ်း ချစ်စရာကောင်းနေဦးမှာပါ။
ကောင်မလေးရေ…။
နင့်အနီးမှာ ငါ့ရှိမနေနိုင်ပေမယ့် နင့်အတွက် ငါအဝေးကနေ ဆုတောင်းပေးနေပါတယ်။
နင့်အပေါ် ငါအရမ်းလွမ်းနေပါတယ်။
ငါသေသွားတဲ့ နေ့အထိ နင့်ကိုငါ ချစ်နေပါမယ် ကောင်မလေးရယ်…။

အိမ်လွမ်းသူ

Posted by zox On December - 15 - 2009 7 COMMENTS

အိမ်လွမ်းသူ ကိုရေးနေဆဲ ကာလမှာပဲ ကျွန်တော်၊ သူငယ်ချင်းတွေကိုလည်း ဒီပို့စ်လေးကို ရေးဖို့ လိုက်တဂ်လိုက်ပါတယ်။ သူငယ်ချင်း အားလုံးကလည်း မညီးမညူလက်ခံ ပေးကြပါတယ်။ ဒီပို့စ်လေးကို ကျွန်တော် ရေးဖို့ဆန္ဒရှိနေတဲ့ အချိန်မှာ သူငယ်ချင်းတွေကို ရေးစေချင်တဲ့ ဆန္ဒကလည်း ဘာဖြစ်လို့ တပြိုင်တည်း ပေါ်လာရတာလည်း ဆိုတော့ လူတိုင်းလိုလို အိမ် နဲ့ ခွဲခွာခဲ့ရဖူးတယ်လို့ ကျွန်တော် စိတ်ထဲက ထင်နေမိလို့ပါပဲ။ အဲဒီလို အိမ်နဲ့ ခွဲခွာခဲ့ရတဲ့ အချိန်မှာ ဖြစ်ရှိလာတဲ့ အိမ်လွမ်းစိတ် ကလေးဟာလည်း တစ်ယောက်နဲ့ တစ်ယောက် မတူ ဘယ်လိုခြားနား နေမလဲဆိုတာကို သိရှိခံစားနိုင်စေဖို့ ကျွန်တော် တဂ်ရခြင်း ဖြစ်ပါတယ်။ ဟုတ်ကဲ့.. ကျွန်တော် အခု ပြောပါတော့မယ်။ ကျွန်တော့်ဘ၀မှာ ကလေးဘ၀ကနေ၊ လူပျိုဘ၀အထိ အိမ်နဲ့မခွဲခဲ့ရဖူးပါဘူး။ ပထမဆုံး [...]

ကောင်မလေးရေ…
ငါ့ရင်ဘတ်ထဲမှာ မှန် တစ်ချပ်ရှိတယ်။
အဲဒီမှန်ထဲမှာ နင့်ရဲ့ ပုံရိပ်ပဲ အမြဲတမ်းပေါ်နေတယ်။
တကယ်လို့ နင်သာ…
ငါ့ကိုပစ်သွားလို့ ငါ့ရင်ကွဲသွားမယ်ဆိုရင်
ငါ့ရင်ဘတ်ထဲက အဲဒီမှန်တစ်ချပ်လည်း
ကွဲသွားလိမ့်မယ်။
ဒါပေမယ့်…
အဲဒီမှန်ပေါ်မှာ ထင်နေတဲ့
နင့်ပုံရိပ်ကတော့ ပျက်သွားမှာ မဟုတ်ဘူး။
မှန်ကွဲစတိုင်း၊ မှန်ကွဲစတိုင်းမှာ
နင့်ပုံရိပ် တစ်ပုံစီ၊ တစ်ပုံစီ
တိုးလို့ ထင်နေမယ် ကောင်မလေးရယ်… ။

(ကျွန်တော့် ဘေးမှာ အမြဲတမ်း မငြီးမငြူ၊ ပါရမီဖြည့်ပေးတဲ့ ကျွန်တော့်ရဲ့ ချစ်ဇနီး ကို ဒီကဗျာလေး နဲ့ ရည်ရွယ်ပါတယ်။)
နောက်ပြီး (ကျွန်တော်နှင့် အိမ်ထောင်ရေး) ဆိုပြီး တဂ်လာတဲ့ မိုးသည်းည တဖြစ်လဲ ဘလော့ဂ်ဂါ ကျွန်တော် ကိုလည်း၊ ကျွန်တော့်ရဲ့ အိမ်ထောင်ရေးဟာ ဒီကဗျာထဲက အတိုင်း ဖြစ်တယ်ဆိုတာ အသိပေးအပ်ပါတယ်။

၁ နဲ့ င၊ ပ နဲ့ ဂ

Posted by zox On November - 5 - 2009 4 COMMENTS

ကျွန်တော့်ကို ကျွန်တော်က (၁) နဲ့ (င)၊ (ပ) နဲ့ (ဂ) လာပေးပါတယ်။ ကျွန်တော် လာပေးတဲ့ဟာကို ကျွန်တော်ကလည်း ကြည်ကြည် ဖြူဖြူ နဲ့ လက်ခံလိုက်ပါတယ်။ စောစောစီးစီး ရှင်းရှင်းလင်းလင်း ပြောထားချင်တာက ကျွန်တော်ဆိုတာကတော့ ကျွန်တော်ပါ။ ကျွန်တော်ကတော့ ကျွန်တော် မဟုတ်ပါဘူး။ ကျွန်တော်က ကျွန်တော့်ကို အဲဒီ (၁) နဲ့ (င)၊ (ပ) နဲ့ (ဂ) လာပေးတာပါ။ ကျွန်တော်က ပေးတဲ့သူပါ။ ကျွန်တော်ကတော့ လက်ခံယူထားတဲ့ သူပါ။ ဒီလောက်ဆိုရင် ရှင်းလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က ကျွန်တော့်ကို (၁) နဲ့ (င)၊ (ပ) နဲ့ (ဂ) လာပေးရင်း (၁) ဟာ (၁) ဖြစ်ကြောင်း၊ [...]

တစ်ခါတစ်ခါ စိတ်ထဲမှာ နည်းနည်း ယူကျုံးမရ ဖြစ်တာရှိတယ်ဗျာ။ အဲဒါကလည်း နိုင်ငံခြား ခရီးစဉ်တွေသွားပြီး အဲဒီမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့်ပါ။ အဲဒီ အကြောင်းတွေကို ပြောပြလို့ ကျွန်တော့်ကို အမြင်တော့ မကတ် လိုက်ပါနဲ့။ နေရာတကာ လျှောက်ပြောနေတာပဲ ဆိုပြီးတော့လည်း အပြစ်မမြင်ပါနဲ့ဗျာ။ ကျွန်တော့် စိတ်ထဲက ဖြစ်ချင်တဲ့ ဆန္ဒလေးကလည်း ဘယ်လိုမှ တားမရလို့၊ နောက် မိတ်ဆွေ အပေါင်းအသင်းတွေကို တိုက်တွန်းချင်စိတ်ရှိလာလို့ ပြောရတာပါ။ ကျွန်တော် ဆော်ဒီ နိုင်ငံကို ရောက်တုန်းက ဆော်ဒီနိုင်ငံလေဆိပ်ကို ခြေချရင်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ ဘင်္ဂါလီစကားကို စကြားရပါတယ်။ အမှိုက်သိမ်း၊ သန့်ရှင်းရေး နဲ့ တောက်တိုမယ်ရ လူတွေအားလုံးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေချည်းပါပဲ။ အိန္ဒိယ၊ ပါကစ်စတန် နိုင်ငံသားတွေကတော့ အနည်းအကျဉ်းရှိပါတယ်။ ဒါက လေဆိပ်မှာပါ။ [...]

ကိုယ်ယုံကြည်ရာ

Posted by zox On October - 26 - 2009 3 COMMENTS

ကောင်မလေးရေ………..
ငါတို့နှစ်ယောက်ကို ဆုံစည်းစေခဲ့တဲ့
အရှင့်ကို ငါပထမဆုံး ယုံကြည်တယ်။
အဲဒီလို ဆုံစည်းစေမယ့် ငါတို့ရဲ့ နှဖူးစာကို
အစောကြီးကတည်းက ရေးသားပေးခဲ့တဲ့
အဲဒီအရှင့်ကိုပဲ ငါဒုတိယ ယုံကြည်တယ်။
ငါတို့ဘ၀ရဲ့ အကောင်းအဆိုး အားလုံး
အဲဒီ အရှင့်အလိုတော်အတိုင်းပဲ ဖြစ်မယ်ဆိုတာကိုလည်း
ငါတတိယ အနေနဲ့ ယုံကြည်တယ်။
ငါတို့ရဲ့ မျှော်လင့်ချက်တွေအတွက်၊
ဘယ်လိုမှ ပြောင်းလဲလို့ မရတဲ့ နဖူးစာကို
ငါတို့ရဲ့ ခိုင်မာတဲ့ ဆုတောင်းတွေနဲ့
ပြောင်းလဲသွားစေမယ် ဆိုတာကိုလည်း
ငါ စတုတ္ထအနေနဲ့ ယုံကြည်တယ်။
သူ့ဟာသူ တောက်လျှောက်ခုန်နေတဲ့
ငါ့ရင်ဘတ်ထဲက သွေးတုံးတစ်ခုဆီကနေ…
နင့်အတွက်ချည်းသက်သက်
ငါသေမယ့် တစ်နေ့အထိ
အချစ်တွေ ထွက်လာမှာကိုလည်း
ယုံကြည်တယ် ကောင်မလေးရယ်။

(မိုးထက်အိမ် တဂ်လာတဲ့ ကိုယ်ယုံကြည်ရာ ဆိုတဲ့ တဂ်ပို့စ်လေးပါ။ အများကြီးရေးဖို့ အားခဲထားတဲ့ အကြောင်းလေး ရှိပါတယ်။ ဒါပေမယ့် ဒီကဗျာလေးကို ရေးချင်စိတ်များနေတာရယ်၊ အမြန်တင်ချင်တဲ့ စိတ်ရယ်ကြောင့် ဒါလေးကိုပဲ တင်ဖြစ်လိုက်ပါတယ်။)

ဘလော့ဂ်ရေးဖော် သူငယ်ချင်းတွေနဲ့ အတူတူ ကျွန်တော် ဘလော့ဂ်ဘက်ကို လာခဲ့ဖို့ ဖိတ်ခေါ်ပို့စ်လေးကို ရေးခဲ့ပြီးပါပြီ။ ဒီပို့စ်လေးကို ဖတ်မိပြီး ဘလော့ဂ်ဂင်းဘက်ကို စိတ်ပါဝင်စားသူ ရှိသလို၊ ဖာသိဖာသာ နေသွားတဲ့ သူတွေလည်း ရှိမှာပါ။ တဂ်ပို့စ်ကို ရေးပေးခဲ့တဲ့ သူငယ်ချင်းတွေ အားလုံးကတော့ သူတို့နည်း သူတို့ဟန်နဲ့ သူတို့ရဲ့ သူငယ်ချင်း အပေါင်းသင်းတွေကို ဘလော့ဂ်ဂင်း ဘက်ကို ထပ်ပြီး ဖိတ်ခေါ်နေလောက်ပါပြီ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ညံ့ဖျင်းချက်ကတော့ ဘလော့ဂ်ဘက်ကို လာဖို့သာခေါ်တဲ့ ပို့စ်ကိုရေးပြီး ဘယ်လိုဘလော့ဂ်ကို ဖန်တီးရမယ် ဆိုတာကိုတော့ ညွှန်ပြဖို့ မေ့ခဲ့မိပါတယ်။ ဒါကြောင့်မို့ ဘလော့ဂ်ဂင်း ကို စိတ်ဝင်စားမယ့် သူငယ်ချင်းတွေအတွက် လမ်းညွှန်မှုလေးတွေ ပေးချင်ပါတယ်။
ကျွန်တော် ဘလော့ဂ်ကို စစချင်း byethost မှာ လုပ်ခဲ့တာပါ။ ကိုသင်္ကြန်ရဲ့ အီးဗုက်ထဲက [...]

ဘယ်သူ့ကိုမှတော့ ထိခိုက်စေချင်တဲ့ ဆန္ဒမပါပါဘူး။ အကြံအပေးအယူနဲ့ ဖိတ်ခေါ်ချင်တဲ့ စိတ်ကလေးကြောင့်ပါ။ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ အချို့အချို့ဖြစ်ရပ်တွေကို ကြည့်ပြီး သက်ပြင်းလည်း ခဏခဏချမိလို့ပါ။ ကျွန်တော်တင်ခဲ့တဲ့ ပို့စ်အဟောင်းလေးက အကြောင်းအရာလည်း အပါအ၀င်ပါပဲ။ ဂျီတော့ခ် ချက်တင်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်လာလို့ပါ။ အခုနောက်ပိုင်းမှာ အင်တာနက်ဆိုင်တွေ ကျွန်တော်တို့ နိုင်ငံမှာ ပွထလာပြီး ဂိမ်းဆိုင်လေးတွေတောင် တော်တော်မှေးမှိန်သွားပါတယ်။ လူငယ်ယောက်ျားလေး နည်းနည်းပါးပါးလောက်ပဲ ဂိမ်းဆော့ကြတာ တွေ့ရတယ်။ တော်တော်များများက အင်တာနက်ဆိုင်ကို ရောက်နေကြပါပြီ။ အင်တာနက်နဲ့ နီးစပ်မှု ရှိလာတာ ကောင်းပါတယ်။ ယူတတ်ရင် အင်တာနက်ကနေ အများကြီးရတတ်ပါတယ်။ အသိပညာ၊ ဗဟုသုတ၊ စီးပွားရေးဆိုင်ရာ ကိစ္စ၊ အလုပ်အကိုင် အခွင့်အရေး အားလုံးလိုလို အင်တာနက်မှာ ရနိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် အခုခေတ်လူငယ်တွေ သုံးနေတဲ့ အင်တာနက်က [...]

အေးဗျာ။ ပြန်ရောက်တာလဲ နှစ်လကျော်လောက် ရှိပြီဆိုတော့ ကျွန်တော့်ဟိုတယ်နဲ့လည်း အဆက်အသွယ်က ပြတ်နေပြီ။ ဘာတွေဖြစ်လို့ ဘာတွေလုပ်နေလည်း ဆိုတာတောင် မသိတော့ဘူး။ မေးလည်း မမေးကြည့်ဖြစ်ဘူး။ နဂိုလိုပဲ အခန်းတွေအများကြီး vacant ဖြစ်နေတုန်းလား။ ဒါမှမဟုတ် Full Book နဲ့ လက်မလည်အောင် အခန်းတွေရောင်းနေရလား။ တခါတခါမှပဲ အလုပ်နဲ့ ပတ်သက်ပြီး တွေးကြည့်မိတော့တယ်။ ဒါကလည်း ကျွန်တော်ကိုယ်တိုင်က ဟိုတယ်လိုက်ဖ်ကို ၀ါသနာတော်တော် ပါလို့ပါ။ သူများတွေတော့ မသိဘူးပေါ့။ ဟိုတယ်လ် RECEPTIONIST ဘ၀ကို ကျွန်တော် တော်တော်နှစ်သက်တယ်ဗျ။ အဲဒီနေရာမှာ အလုပ်လုပ်ရတာ စိတ်ကျေနပ်ဖို့ ကောင်းတယ်။ (မိန်းမကို လွမ်းတဲ့ အချိန်တွေက လွဲရင်ပေါ့။) ဒူဘိုင်းမှာ အလုပ်လုပ်ပြီး တခြား POSITION တွေကလွဲရင် ကျွန်တော် ဒီအလုပ်မှာ ရှိနေတာကို [...]

တစ်နေ့ ကျွန်တော်တို့ ရုံးခန်းကို ကျွန်တော့်သူငယ်ချင်းရဲ့ မိတ်ဆွေ အန်တီတစ်ယောက် ရောက်လာပါတယ်။ သူ့လက်ထဲမှာ စာရွက်စာတမ်း တထပ်ကြီးကိုပါ ကိုင်ထားပါတယ်။ သူ့မျက်နှာကတော့ သိပ်မကောင်းဘူး ခင်ဗျ။
သူက ကျွန်တော်တို့ကို နှုတ်ဆက်စကားပြောပြီး သူ့လက်ထဲက ပါလာတဲ့ စာရွက်တွေနဲ့ ပတ်သက်တဲ့ အကြောင်းတစ်ခုကို ကျွန်တော်တို့ကို ပြောပြရင်း အကူအညီ တောင်းလာပါတယ်။ သူပြောပြတဲ့ အကြောင်းအရာကို ကျွန်တော်အရင် တင်ပြပါ့မယ်။
အားလုံးသိတဲ့ အတိုင်း ဒီကနေ့ မြန်မာနိုင်ငံမှာ ချက်တင် ယဉ်ကျေးမှု တော်တော်ခေတ်စားလာပါတယ်။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ချက်တင်ကို သုံးစွဲကြပါတယ်။ အဲဒီအထဲမှာမှ မိန်းကလေး တစ်ယောက်ဟာ အားလုံးနည်းတူ ချက်တင်ကို နေ့စဉ်ဂရုတစိုက် သုံးစွဲပါတယ်။ သူ့ရဲ့ ချက်ဘောက်စ် သူငယ်ချင်းလစ် ထဲမှာ သူငယ်ချင်းပေါင်း မြောက်မြားစွာကို ထည့်ပြီး စကားပြောလေ့ရှိပါတယ်။ တစ်နေ့မှာ [...]

ဒူဘိုင်းမှာပဲဖြစ်ဖြစ်၊ တခြားဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် Hotel life အပါအ၀င် အလုပ်တိုင်းလိုလိုဟာ မန်နေဂျာရဲ့ လက်အောက်မှာပဲ လုပ်ကြရပါတယ်။ (အကုန်လုံးသိပြီးသားဟာကို)။ အဲလိုလုပ်ကြရတဲ့အခါမှာ ကိုယ့်အလုပ်ရဲ့မန်နေဂျာနဲ့ အဆင်ပြေသူတွေဟာ အခွင့်အရေးတွေလည်း ပိုရတတ်ကြပါတယ်။ အလုပ်မှာလည်း လွယ်ကူမှုရရှိကြပါတယ်။ များသောအားဖြင့် ကုမ္ပဏီတော်တော်များများမှာလည်း ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုတွေကို ပိုင်ရှင်ထက် မန်နေဂျာကပဲ ပြုလုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့ဟိုတယ်မှာလည်း ကိစ္စတော်တော်များများကို ကျွန်တော်တို့ဟိုတယ်သူဌေးထက် ဟိုတယ်မန်နေဂျာကပဲ တာဝန်ယူဆုံးဖြတ်လေ့ရှိပါတယ်။ ကျွန်တော်တို့ မန်နေဂျာနဲ့ စတင်တွေ့ဆုံပုံကို ကျွန်တော်တစ်ခေါက်ရေးပြဖူးပါတယ်။ အခုကျွန်တော်ပြောချင်တာက ကျွန်တော့် မန်နေဂျာကို ကျွန်တော်ဘယ်လို (ချုပ်) ခဲ့သလဲဆိုတာကိုပါ။ နိုင်ငံခြားမှာ အလုပ်လုပ်သွားလုပ်မယ့်သူများရှိရင် ကျွန်တော်နည်းလမ်းလေးက အထောက်အကူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဟဲ။ ကျွန်တော် မန်နေဂျာနဲ့ စတင်သိကျွမ်းပြီးတဲ့ အချိန်ကစပြီး သူနဲ့ရင်းနှီးဖို့ ကျွန်တော်ကြိုးစားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဟိုတယ်မှာက မြန်မာဆိုလို့ ကျွန်တော်တစ်ယောက်တည်း [...]

MMgenius Vote အစီအစဉ်။

Posted by zox On September - 23 - 2009 ADD COMMENTS

ကျွန်တော်တို့ရဲ့ mmgenius က သတင်းကောင်းလေးကို ပေးချင်ပါတယ်ခင်ဗျာ။ အောက်ပါအတိုင်းပါ။
ကျွန်တော်တို့ရဲ့ MMGenius Blog Service အား ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှစတင်ကာ မြန်မာလူ ငယ်များ အဆင်ပြေလွယ်ကူစွာ ကိုယ်ပိုင် Website များပိုင်ဆိုင်နိုင်ရေးအတွက် စတင်တည်ထောင် ဖွဲ့စည်းခဲ့ပါတယ်..။ ယခုအခါ ကျွန်တော်တို့ရဲ့ MMGenius Blog Service တွင် Register လုပ်ကာအသုံးပြုနေသော Blog (၈) လအတွင်း စုစုပေါင်း ၃၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ်..။
ကျွန်တော်တို့ရဲ့ MMGenius Blog Service အား အဓိကရည်ရွယ်ချက်နှစ်ခုဖြင့် တည်ထောင်ခဲ့ပါတယ်။ ပထမ အချက်အနေဖြင့် Website တစ်ခု အား မည်သို့မည်ပုံအသုံးပြုတည်ဆောင်နိုင်ပုံကို လေ့လာနိုင်ရန်နှင့်။ ဒုတိယ အချက်မှာ မိမိတို့သိထားတတ်ထားသည်များ၊ အနုပညာဖန်တီးမှုများ [...]

ရွှေအိမ်သာ

Posted by zox On September - 10 - 2009 4 COMMENTS

လူမှုကိစ္စ အထွေထွေကို နေ့စဉ်ကြုံဆုံကြရင်း၊ စိတ်ညစ်ကြရင်းနဲ့ ကျွန်တော်တို့ အချိန်တွေ ကုန်ဆုံးကြ ရပါတယ်။ တစ်ခါတလေ ရယ်ကြ ရပေမယ့် ညစ်ထွေ ရမှုတွေက ပိုများသလို ပါပဲ။ ရယ်စရာကို မရှာချင်တော့ပါ။ ပြုံးစရာလေး တစ်ခုတော့ ရှာတွေ့ထားပါတယ်။

ဒူဘိုင်း MEDICAL CHECK UP

Posted by zox On September - 9 - 2009 ADD COMMENTS

ဘယ်လိုလုပ်မလဲဗျာ။ ကျွန်တော်တို့ ဟိုတယ်ရဲ့ သူဌေးကချစ်တီးကျတော့၊ အကောင့်တင်းမန်နေဂျာကလည်း ချစ်တီးပိုကျတော့တာပေါ့။ ကျွန်တော်တို့ အုပ်စုဆေးစစ်ဖို့ကို ကုန်းကြောင်းသွားခိုင်း တယ်ဗျာ။ ဒီဟာလည်း ကျွန်တော်ဒူဘိုင်းကို ဒုတိယအကြိမ် ရောက်ခါစတုန်းကပါပဲ။ ကျွန်တော်တို့ ဟိုတယ်က Bur Dubai မှာဗျ။ ဆေးစစ်တဲ့ ဆေးရုံက Deira Dubai မှာ။ ဒူဘိုင်းရဲ့ ဟိုဘက်ကမ်းပေါ့ဗျာ။ လမ်းလျှောက်ရင် ၁ နာရီလောက် လျှောက်ရတာဗျ။ အစက သူတို့ပြောတော့ မဝေးဘူးနီးနီးလေးတဲ့။ မရောက်သေးတော့လည်း ယုံတာပေါ့ဗျာ။ လျှောက်ရင်း လျှောက်ရင်း မရောက်နိုင်တော့မှ အားလုံးကျိန်ဆဲမိကြတာပေါ့။

ကြည့်လေဗျာ။ လှည်းတစ်တန်၊ လှေတစ်တန်။ တမျှော်တခေါ်ကြီး လျှောက်ရပြီးတော့လည်း ရောက်မလား အောက်မေ့တယ်။ …

မရောက်ဘူးဗျာ။ လှေစီးရသေးတယ်။ မော်တော်ပေါ့ဗျာ။ တဖက်ကကြည့်တော့လည်း ပျော်စရာလေးဗျ။ အဟဲ။ တစ်ယောက် တစ်ကျပ်တစ်ကျပ်စီ ပေးပြီး ၁၀ [...]

ဘလော့ဂါအစ်ကိုအစ်မများနဲ့ ကွန်ပျူတာကိုနေ့စဉ်သုံးနေတဲ့ သူငယ်ချင်းအပေါင်းကို အသိပညာလေးတစ်ခု မျှဝေချင်ပါတယ်။ ကျွန်တော့်ဆီကိုလည်း အီးမေးလ်ကနေတဆင့် ပို့လိုက်တဲ့ သတိပြုဆင်ခြင်စရာ အကြောင်းအရာလေးတွေပါ။ အားလုံးသိသင့်သိထိုက်တယ်ထင်လို့ ကျွန်တော်ပြန်လည်ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ကွန်ပျူတာကို သုံးစွဲဖို့အတွက် ကီးဘုတ် နဲ့ မောက်စ်ကတော့ မပါမဖြစ်အသုံးပြုရတဲ့ အစိတ်အပိုင်းတွေပါ။ ဒါပေမယ့် အဲဒီပစ္စည်းတွေကို သုံးစွဲရာမှာ အနေအထားမမှန် စည်းစနစ်မကျပဲ သုံးစွဲခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်စေတာကို အောက်ကပုံတွေမှာ တွေ့ရမှာပါ။ ဘာမဟုတ်တဲ့ကိစ္စလေးကနေ ခွဲစိတ်ကုသရတဲ့အထိ ဖြစ်သွားစေမှာပါ။ အောက်ကပုဂ္ဂိုလ်ဟာလည်း အဲဒီလိုမှားယွင်းစွာ သုံးစွဲခဲ့လို့ အခုလိုကုသမှုကို ခံယူခဲ့ရပါတယ်။ တစ်နေ့တစ်နေ့ ချက်တင်မှာ အချိန်ကုန်နေကျတဲ့ ညီငယ်၊ ညီမငယ်တို့လည်း ဒါလေးတွေကို သတိပြုစေချင်ပါတယ်။

အဲဒီလိုဆိုးကျိုးတွေ မဖြစ်လာစေဖို့အတွက် စနစ်ကျနစွာ ကွန်ပျူတာကို ကိုယ်တွယ်သုံးစွဲတတ်ဖို့ လိုပါတယ်ခင်ဗျာ။ အဲဒီအတွက် စနစ်ကျနစွာ ကွန်ပျူတာကိုင်တွယ်သုံးစွဲနည်းလေးကိုလည်း အောက်မှာ ကျွန်တော်မျှဝေပေးပါရစေဦးလားခင်ဗျာ။

ရောက်ပြီးကတည်းက အေဂျင်စီတွေနဲ့ ပတ်သက်ပြီး မကောင်းသတင်းတွေပဲ ကြားနေရတယ်ဗျာ။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ကလည်း အေဂျင်စီတစ်ခု ဖွင့်ထားတော့ ကျွန်တော်သူ့ဆီ တစ်ခါတစ်ခါ ရောက်သွားတဲ့ အချိန်တွေမှာ သူ့ဆီကနေ အဲဒီသတင်းတွေကို ကြားရတယ်။ တော်တော်များများ နာမည်ကြီး အေဂျင်စီတွေမှာ အလုပ်အပ်ပြီး လူလည်ကျသွားတာတွေ ခံလိုက်ရတော့ စိတ်ညစ်ညစ်နဲ့ ကျွန်တော့်မိတ်ဆွေဆီကို ရောက်လာကြတယ်ဗျာ။ အဲဒီမှာ သူတို့ပြောသမျှ အကြောင်းစုံကို ကြားရတာပေါ့ဗျာ။ ဖြစ်ပုံတွေကတော့ အဖုံဖုံပေါ့။ တစ်ချို့ နာမည်ကြီးအေဂျင်စီတွေမှာ နာမည်ကြီးနိုင်ငံနဲ့ လစာကောင်းကောင်းကို ကြော်ငြာပြီး အင်တာဗျူးအတွက် လူခေါ်တယ်။ အင်တာဗျူးကြေးကို အနည်းဆုံး ၅၀၀၀ ကနေအသီးသီးတောင်းကြတယ်။ လူတွေကတော့ လစာကိုမက်မောပြီး အလုအယက်သွားဖြေကြတာပေါ့။ ဖြေပြီးလို့မအောင်ဘူးဆိုရင် အဲဒီအင်တာဗျူးကြေးက အရှုံးပေါ့ဗျာ။ (တချို့တချို့ကျတော့ ဖြေဆိုသူအားလုံးကို မအောင်ဘူးဆိုပြီး ပြောပါတယ်။ အင်တာဗျူးကြေးတွေတော့ တော်တော်ရလိုက်ပါတယ်။) တကယ်တမ်း [...]